ပုပ္ပါးတောင်ဒေသသည် မြန်မာ့ပထမဆုံး အမျိုးသားဘူမိဥယျာဉ်အဖြစ် မကြာမီ ထွက်ပေါ်လာမည်

0
294

မြန်မာနိုင်ငံအလယ်ပိုင်း၏ အိုအေစစ်ဖြစ်ပြီး ခရီးသွားများ စိတ်ဝင်စားရာ ပုပ္ပါးတောင်ဒေသသည် မြန်မာ့ပထမဆုံး အမျိုးသားဘူမိဥယျာဉ်အဖြစ် မကြာမီ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ သတ်မှတ်ဖွဲ့စည်းနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ ကမ္ဘာ့အဆင့် ယူနက်စကိုစာရင်းဝင် ဘူမိဥယျာဉ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

ယခင်ကတည်းက ရှိပြီးသားဖြစ်သည့် ဘူမိနေရာများကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ဝန်ကြီးဌာနက ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်သည့် နေရာ (၁၅) ခုကို ဘူမိဥယျာဉ်အဖြစ် ပြောင်းလဲရန် အဖွဲ့များ ဖွဲ့စည်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ဒီထက်များတာ ရှိသေးတယ်။ တခြားသော ဝန်ကြီးဌာနလက်အောက် ရောက်နေတာတွေလည်း ရှိသေးတယ်” ဟု ၄င်းက ဆိုသည်။

ဘူမိဥယျာဉ်သတ်မှတ်ခြင်းကြောင့် ကန့်သတ်မှုများ ရှိလာနိုင်မည်ဖြစ်ပြီး ခရီးသွားများ စည်ကားလာမည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင် ကောင်းမွန်ပြီး လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here