တာချီလိတ်မြို့ မယ်ဟုတ်ချောင်းတွင် ရေန-စ်ပျောက်ဆုံးခဲ့သည့် ကလေးငယ်ကို တစ်ရက်ကျော် ရှာဖွေခဲ့ရပြီး ‌ေ-သဆုံးလျက် ပြန်လည်တွေ့ရှိ

0
172

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၊ မယ်ယန်းရွာအစပ်၊ မယ်ဟုတ်ချောင်းတံတား အထက်ပိုင်းတွင် (၁၂)နှစ် အရွယ် ယောကျာ်းလေး (၁) ဦး ရေန-စ်ပျောက်ဆုံးရာ (၁) ရက်ကျော်ကြာ ရှာဖွေခဲ့ရပြီး ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မယ်ယန်းရွာအစပ်၊ မယ်ဟုတ်ချောင်းတံတား အထက်ပိုင်းတွင် ဒီဇင်ဘာ (၃)ရက် နေ့လယ် (၃)နာရီဝန်းကျင်က (၁၂) နှစ်အရွယ် ကလေး (၁) ဦး ရေန-စ်ပျောက်ဆုံးနေသဖြင့် ရှာဖွေပေးရန် မိဘများမှ အသင်းသို့ အကူညီတောင်းခံချက်အရ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

“သားလေး (၁) ဦး ရေန-စ်ပျောက်ဆုံးနေလို့ ကလေးမိဘတွေက နေ့လည်ပိုင်းမှာ အကူညီတောင်းခံလို့ ကျွန်မတို့ အဖွဲ့တွေ ချက်ချင်းထွက်ခွာပြီး ဖြစ်စဉ်နေရာ ရေချောင်းဘေးမှချောင်းတစ်လျှောက် မနားတမ်း ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး သားလေးကိုတော့ ညပိုင်းအထိရှာလို့ မတွေ့သေးပါဘူး”ဟု ဒီဇင်ဘာ (၃)ရက်က ဦးလှမိုးတာချီလိတ်လူ မှုကူညီရေးအသင်းမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေန-စ်ပျောက်ဆုံး ကလေးငယ်ကို မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ရွှေမယ်ယန်းအဖွဲ့တို့နှင့်အတူ ဖြစ်စဉ်နေရာချောင်းဘေးမှ ချောင်းတစ်လျှောက် မနားတမ်းရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်သော်လည်း (၂၄) နာရီ ကျော်လွန်သွားချိန်အထိ ရှာဖွေမတွေ့ရှိကြောင်း အသင်းမှ သိရသည်။

ထို့ကြောင့် ဒီဇင်ဘာ (၄)ရက်တွင် ဆက်လက်ရှာဖွေရာ ည (၈)နာရီ (၂၀)မိနစ်အချိန်တွင် ‌ေ-သဆုံးလျက် ရုပ်အလေ-ာင်းအား ချောင်းအောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“သားသားလေး ရုပ်အလေ-ာင်းကို ညပိုင်း (၈) နာရီ၊ မိနစ် ၂၀ မှာ ရှာတွေ့ပါပြီရှင်။ ချောင်းရဲ့ အောက်ပိုင်းအထိ မျောပါ သွားတာပါ။ ကျွန်မတို့ အဖွဲ့တွေနဲ့ ရွှေမယ်ယန်းကူညီအဖွဲ့တွေ ဝိုင်းဝန်းပြီး သားသားလေး DB ကို ရွှေမယ်ယန်းကားနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်ရှင်။”ဟု ဒီဇင်ဘာ (၄)ရက်တွင် အသင်းမှ ပြောဆိုထားသည်။

ထိုသို့ ရေန-စ်‌ေ-သဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည့် ကလေးငယ်၏ ရုပ်အလေ-ာင်းအား ရွှေမယ်ယန်းအဖွဲ့ ကားဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here