၂၀၂၄ ခုနှစ်၌ ကော်ဖီ စိုက်ပျိုးဧက ၂၈၀၀၀ ခန့် တိုးချဲ့ရန်လျာထား

0
226

လာမည့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးဧက ၂၇၉၀၀ ထပ်မံတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ကော်ဖီစိုက်ပျိုးမှုများကို သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက လာမည့် (၅) နှစ်တာကာလအတွင်း ကော်ဖီထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကော်ဖီပျိုးပင်များကိုလည်း ကြိုတင်စိုက်ပျိုးထားပြီး တိုးချဲ့စိုက်ပျိုးနိုင်ပါက စုစုပေါင်း စိုက်ဧက (၃) သိန်းရှိမည်ဖြစ်သဖြင့်နောင် (၅) နှစ်မှ (၇) နှစ်အတွင်း အသီးအပွင့်များ ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံထက် စိုက်ပျိုးမြေနည်းပါးသည့် ဗီယက်နမ်နိုင်ငံမှ ကော်ဖီပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် အရင်းအနှီးငွေကြေး စိုက်ထုတ်နိုင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြုပ်နှံသင့်ကြောင်းလည်း နစကဥက္ကဋ္ဌက အကြံပြုထားသည်။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ချထားပေးသည့် အချို့မြေနေရာများပေါ်တွင် ယခုအချိန်အထိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရပြီး အဆိုပါမြေများအား ရောင်းဝယ်မှုများကို စနစ်တကျစီစစ်သွားရန်နှင့် စိုက်ပျိုးခြင်းမပြုသည့်မြေများကို ပယ်ဖျက်သွားရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here