ဘီလာရုစ်သမ္မတလူကာရှန်ကို တရုတ်သို့ရောက်ရှိ ၊ပိုမိုခိုင်မာသောဆက်ဆံရေးရရန်ကြိုးပမ်းလျက်ရှိ

0
116

ပေကျင်း၊ဒီဇင်ဘာ ၄

ဘီလာရုစ်သမ္မတအလက်ဇန်းဒါးလူကာရှန်ကိုသည်ဒီဇင်ဘာ ၄ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပေကျင်း၌ တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီးသံတမန်နည်းအရအထီးကျန်ဆန်နေသော ခေါင်းဆောင်သည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ကြုံနေရချိန်၌ အာရှကုမ္ပဏီကြီးနှင့် စီးပွားရေးအရဆက်ဆံရေးကိုမြှင့်တင်လိုခြင်းလည်းဖြစ်သည်။

ရုရှားသမ္မတပူတင်၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့်လူကာရှန်ကိုသည် တရုတ်နိုင်ငံသို့ အလုပ်သဘောလာရောက်လည်ပတ်နေခြင်းဖြစ်ပြီး ရှီက Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ နေ့လယ်စာနှင့်ဧည့်ခံကာ သုံးနာရီကြာဆွေးနွေးပွဲခဲ့ကြကြောင်း ဘီလာရုစ်နိုင်ငံပိုင် မီဒီယာကဖော်ပြခဲ့သည်။

ရုရှား၏မဟာမိတ်ဘီလာရုစ်သည် ရုရှား – ယူကရိန်းအရေး၌ ရုရှားဘက်ကရပ်တည်ကာ ၎င်း၏ပိုင်နက်အတွင်း ရုရှားလက်နက်များတပ်စွဲပြီးအသုံးချခွင့်ပြုထားသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

တရုတ်သည် ဘီလာရုစ်နှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာစေရန်နှင့်လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးပိုမိုနက်ရှိုင်းစေရန်ဆန္ဒရှိကြောင်းလည်းရှီကပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီဆင်ဟွာကပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေးနှင့် တရုတ် – ဘီလာရုစ်စက်မှုဥယျာဉ်ကဲ့သို့ စီးပွားရေးနှင့်ကုန်သွယ်မှုမြှင့်တင်မှုများအပြင် လူအချင်းချင်းယဥ်ကျေးမှုဖလှယ်မှုများကိုပါ မြှင့်တင်သင့်ကြောင်းလည်းသမ္မတရှီကပြောကြားခဲ့သည်ဟုသိရသည်။

ဘီလာရုစ်သည် ယူကရိန်းအားရုရှား၏ကျူးကျော်မှုကို ထောက်ခံအားပေးမှုနှင့် နိုင်ငံရေးဖိနှိပ်မှုများနှင့် ပတ်သက်သည့်ပြဿနာများကြောင့်အမေရိက၊ဥရောပသမဂ္ဂ၊ဗြိတိန်၊ကနေဒါ၊နယ်သာလန်တို့၏ ပိတ်ဆို့ဒဏ်ခတ်မှုများနှင့်ရင်ဆိုင်နေရသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here