ဘင်္ဂါလီ ဒုက္ခသည်များ ပြန်လည်လက်ခံရေး စတင်လုပ်ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

0
170

ရခိုင်ပြည်နယ်အတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားသည့် ဘင်္ဂါလီ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို စတင် လုပ်ဆောင်ရန် မြန်မာနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ် ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့သည် ယနေ့ ဒီဇင်ဘာလ (၅) ရက် နံနက်(၁၀) နာရီက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှု အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီလူမျိုး သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး ဒုက္ခသည်စခန်းများတွင် ခိုလုံနေကြရခြင်း ဖြစ်သည်။

အဆိုပါ ဘင်္ဂါလီ ဒုက္ခသည်များ ပြန်လည် လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရချင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး တရုတ်အစိုးရကလည်း အဆိုပါ ဒုက္ခသည်များ ပြန်လက်ခံရေးအတွက် ဝင်ရောက်ကူညီမှုများ လုပ်ဆောင်လျက် ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here