ရုရှားသမ္မတ ဗလာဒီမာပူတင်က နစက ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ဘွဲ့တံဆိပ် ချီးမြှင့်

0
183

ရုရှားသမ္မတ ဗလာတီမာပူတင်က မြန်မာနိုင်ငံအစိုးရ နစက ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့အား Order of Alexander Nev sky ဘွဲ့တံဆိပ်နှင့် Order of Friendship ဘွဲ့တံဆိပ်တို့ ချီးမြှင့်ခဲ့သည်။

အဆိုပါ ဘွဲ့တံဆိပ်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev က ယနေ့ ဒီဇင်ဘာ (၅) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းခဲ့ကြောင်း သိရသည်။

ယင်းဘွဲ့တံဆိပ်များကို မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည့်အတွက် ရုရှားသမ္မတမစ္စတာ ဗလာဒီမာပူတင် က ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ပြောကြားခဲ့သ ည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့် အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကို ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးက လက်ရောက် အပ်နှင်းခဲ့ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ Order of Friendship ဘွဲ့တံဆိပ်ကိုလည်း လက်ရောက်အပ်နှင်းခဲ့ကြောင်း သိရသည်။

ရုရှား သမ္မတ အနေဖြင့် ယခုကဲ့သို့ ဘွဲ့တံဆိပ် ချီးမြှင့်မှုကို ကျေးဇူးတင်ကြောင်းနှင့် ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ရပ်တည်သွားမည့်အပြင် နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင်
စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့
သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev
ထံဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ယနေ့ပြုလုပ်သည့် တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေး ကောင်စီအတွင်းရေးမှူးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here