မုန်းမြို့ရှိ KNLA နှင့် PDF များ ထိန်းချုပ်ထားသည့်နေရာများအား ပြန်လည်ထိန်းချုပ်နိုင်ပြီဟု နစက ထုတ်ပြန်

0
185

ဒီဇင်ဘာ (၃)ရက်က စတင်ကာ တိုက်ပွဲပြင်းထန်နေသည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ KNLA နှင့် PDF များ ထိန်းချုပ်ထားသည့် နေရာများအား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်လာသည်။

မုန်းမြို့ပေါ်ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင်သံတံတားတို့အား KNLA နှင့် PDF တို့က ဒီဇင်ဘာ(၃) ရက်မှ စတင်ကာ သာလွန်အင်အားများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာ (၄) ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲပြင်းထန်ခဲ့ရာမှ ညနေပိုင်းတွင် တပ်မိသားစုဝင်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သင့်လျော်သည့်နေရာသို့ နည်းဗျူဟာအရ ခေတ္တဆုတ်ခွာခဲ့ရပြီး မိသားစုများကို လုံခြုံစိတ်ချရသည့် နေရာသို့ လေကြောင်း အကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဒီဇင်ဘာ (၅) ရက် နံနက်ပိုင်းတွင် တပ်မတော် စစ်ကူစစ်ကြောင်းများ ဖြည့်တင်းကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် စနစ်တကျစုဖွဲ့လျက် ပြန်လည်တိုက် ခိုက်ခဲ့ရာ KNLA နှင့် PDF များ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံ တပ်ရင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီး မုန်းမြို့ အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် KNLA နှင့် PDF များ၏  အလော-င်းနှင့် လက်နက် အချို့သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှုဖြစ်ခဲ့သည့် အရာရှိ/စစ်သည်အချို့နှင့် မြို့တွင်းနေ ရဲမေအချို့ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here