ကိုးကန့်ဒေသ လုံခြုံရေးနှင့် စားနပ်ရိက္ခာပြတ်လပ်သည့် အခက်အခဲများအတွက် ဖြေရှင်းရန် ဆွေးနွေး

0
276

ကိုးကန့်ဒေသ လုံခြုံရေးနှင့် စားနပ်ရိက္ခာပြတ်လပ်သည့် အခက်အခဲများကို ဖြေရှင်းရန် ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကို ဒီဇင်ဘာ(၄)ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဌာနဆိုင်ရာများအားလုံး ဒေသ၏ အခြေအနေပြောင်းလဲမှုအပေါ်အခြေခံ၍ လုပ်ငန်းတာဝန်များဆက်လက်အကောင်အထည်ဖော်ကာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ စည်ပင်သာယာရေးနှင့် လုံခြုံရေးစသည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဌာနအသီးသီးမှ တင်ပြလာသည့် စားနပ်ရိက္ခာ ပြတ်လပ်မှုစသည့် အခက်အခဲများကို ညှိနှိုင်း ဆောင်ရွက်ပေးကာ စီမံချက်များ ချမှတ်ခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်စသည့်အကြီးအကဲများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမားရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနစသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here