ဝပြည် နမ့်တစ်မှတဆင့် တန့်ယန်းသို့ စစ်ဘေးရှောင် (၁၀၀)ကျော်ကို ထပ်မံကူညီပို့ဆောင်

0
185

ဝပြည် နမ့်တစ်မြို့မှတဆင့် တန့်ယန်းမြို့သို့ ဒီဇင်ဘာ(၄)ရက်တွင် စစ်ဘေးရှောင်ပြည်သူ (၁၄၈)ဦးကို ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ/ဝပြည်တပ်မတော်(UWSA)က ထပ်မံကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကိုးကန့်ဘက်မှဝင်ရောက်လာသော စစ်ရှောင်ပြည်သူများကို ရက်ခြားတစ်ခါ ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး၊ ဝင်ရောက်လာသူ စစ်ရှောင်ပြည်သူဦးရေအလိုက် အသုတ်လိုက်ခွဲကာ ကူညီပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ဝပြည်အတွင်းသို့ စစ်ရှောင်ပြည်သူများ ထပ်မံဝင်ရောက်လျက်ရှိနေပြီး၊ လက်ရှိအချိန်အထိ စစ်ရှောင်များကို ပို့ဆောင်ပေးနေသည့် အကြိမ်အရေအတွက်မှာ (၁၀)ကြိမ် ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသော စစ်ရှောင်ပြည်သူများကို ဝပြည်အုပ်ချုပ်ရေးဌာနအပါအဝင် ရဲတပ်ဖွဲ့များ ဒေသခံပြည်သူများက စားနပ်ရိက္ခာနှင့် လိုအပ်သည့်ကူညီမှုများပေးအပ်လျက်ရှိသည်။

ကိုးကန့်ဒေသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ စစ်ရှောင်ပြည်သူ လေးသောင်းကျော်မှာ ဝပြည်ဘက်သို့ ဝင်ရောက်ခိုလှုံလာခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here