သာကေတတွင် အိမ်စီးကားမှ ဘထ္ထရီစက်ဘီးအား တိုက်မိရာ စက်ဘီးစီးလာသူ အမျိုးသား ထိခိုက်ဒဏ်ရာများရရှိ

0
149

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ နဝရတ်လမ်းထိပ်တွင် အိမ်စီးကား တစ်စီးမှ ဘထ္ထရီစက်ဘီးအား တိုက်မိခဲ့ရာ စက်ဘီးစီးလာသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဧရာဝဏ်လမ်းမကြီး၊ နဝရတ်လမ်းထိပ်တွင် ဒီဇင်ဘာ (၅) ရက် ည (၈) နာရီ (၄၆)မိနစ် အချိန်ခန့်က အိမ်စီးကား တစ်စီးမှ ဘထ္ထရီစက်ဘီးအား တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်း ပြည်သူများမှ အကြောင်းကြားချက်အရ အသင်းမှ အချိန်နှင့် တပြေးညီ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“အိမ်စီးကားတစ်စီးက ဘထ္ထရီစက်ဘီးကို တိုက်သွားတာ အချိန်နဲ့ တပြေးညီထွက်ခွာပြီး ဒဏ်ရာရသူကို မိတ်ဖက်ပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီး မြေပြင်ကုသ ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တာပါ”ဟု အသင်းက ဆိုသည်။

ယင်းသို့ သွားရောက်ကူညီခဲ့ရာ အခင်းဖြစ်နေရာတွင် ကားဖြင့်အတိုက်ခံရသည့် ဘထ္ထရီဘီး စီးနှင်းသူ အသက် (၃၀) ဝန်းကျင်ခန့် အမျိုးသားလူနာ (ခြေထောက်ကျိုးကြေ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရ) များ ရရှိထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာများအား မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းကာ မြေပြင်ကုသမှုပေးပြီး မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here