ဖိလစ်ပိုင်မှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့တာကြောင့် လူ (၁၆) ဦးထက်မနည်း ‌ေ-သဆုံး

0
138

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အန်တီကွေပြည်နယ်မှာ ခရီးသည် ဒါဇင်များစွာ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျခဲ့တာကြောင့် လူ (၁၆) ဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ ဒေသန္တာရအာဏာပိုင်တွေက ဗုဒ္ဒဟူးနေ့(ဒီဇင်ဘာ ၆) မှာ ပြောဆိုပါတယ်။

ဆေးရုံတွေမှာ တင်ထားရသူတွေအနက် (၈) ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိပြီး (၄) ဦးကတော့ အခြေအနေကောင်းမွန်တယ်လို့ အန်တီကွေအုပ်ချုပ်ရေးမှူး ရိုဒိုရာ ကာဒီယိုက DZ RH အသံလွှင့်ဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

ကနဦးက ဒေသတွင်း မီဒီယာတစ်ခုမှာ ‌ေ-သဆုံးသူ (၂၈) ဦးအထိရှိခဲ့တယ်လို့ ဆိုခဲ့တာကြောင့် ယခုအတည်ပြုချက်အရ ‌ေ-သဆုံးဦးရေ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

အီလွိုက်လိုပြည်နယ်ကနေ အန်တီကွေပြည်နယ် ကူလက်စီမြို့ကို အင်္ဂါနေ့မွန်းလွဲပိုင်းအချိန်လောက်မှာ ထွက်ခွာလာတဲ့ ခရီးသည်တင်ဘတ်စ်ကားဟာ အကွေ့အကောက်များတဲ့ လမ်းကြောင်းမှာ ဘရိတ်ချို့ယွင်းမှုဖြစ်ခဲ့ပြီး မီတာ (၃၀) အနက်ရှိ ချောက်ထဲကို ပြုတ်ကျသွားခဲ့တာလို့ ကာဒီယိုက ပြောဆိုခဲ့ပါတယ်။

“ဒီဧရိယာကို လူသ-တ်ကွေ့လို့ခေါ်ကြပါတယ်၊ တလောကပဲ ဘတ်စ်ကားတစ်စီး ဒီနေရာမှာ ပြုတ်ကျထားခဲ့တာပါ” လို့ ကာဒီယိုက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အခင်းဖြစ်ချောက်တွင်းရှိ မြင်သာတဲ့ ရုပ်အလေ-ာင်းအားလုံးကို သယ်ထုတ်ပြီးပြီဖြစ်လို့ အလေ-ာင်းကောက်ယူမှုလုပ်ငန်းစဉ် ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ အန်တီကွေပြည်နယ်အစိုးရက ဖေ့စ်ဘုတ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကနဦး ခန့်မှန်းချက်အရ ခရီးသည် စုစုပေါင်း (၅၃) ဦးခန့်ပါမယ်လို့ ဆိုပေမယ့် အသေအချာအတည်မပြုနိုင်သေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here