ပြင်သစ်၌ ကြက်ငှက်တုပ်ကွေးရောဂါသတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထား

0
153

ပါရီ၊ဒီဇင်ဘာ ၅

ပြင်သစ်၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာရသဖြင့် ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ သတိပေးချက်အား အလယ်အလတ်အဆင့်မှ အမြင့်ဆုံးအဆင့်သို့ ယမန်နေ့ကတိုးမြှင့်ခဲ့ကြောင်းသိရှိရသည်။

ယခုသတိပေးချက်ကို စိုက်ပျိုးရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ကြက်ငှက်တုပ်ကွေးကြောင့် ယခုတစ်နှစ်အတွင်း ကြက်နှင့်ဘဲကောင်ရေ သန်းချီကာသုတ်သင်ခဲ့ရသည်ဟုလည်းသိရသည်။

ကြက်ငှက်တုပ်ကွေးသည် အများအားဖြင့် ဆောင်းဦးနှင့်ဆောင်းရာသီကာလများတွင်အဖြစ်များပြီး ပြီးခဲ့သည့်အပတ်မှစကာ ဥရောပနိုင်ငံများ၌ ဖြစ်ပွားမှုပျံ့နှံ့နေခဲ့ပြီး ဂျာမဏီ၊နယ်သာလန်နှင့်ဘယ်လ်ဂျီယံနိုင်ငံများတွင်ပျံ့နှံ့နေခြင်းလည်းဖြစ်သည်။

ပြင်သစ်တွင်လည်း ပြီးခဲ့သည့်အပတ်ကစ၍ ကြက်မွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးစတင်တွေ့ရှိရသည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here