Blackpink အဖွဲ့က YG နှင့်စာချုပ်သက်တမ်းတိုးမှုကြောင့် YG Entertainment ၏ရှယ်ယာတန်ဖိုးသုံးပုံတစ်ပုံနီးပါးမြင့်တက်

0
345

ဆိုးလ်၊ဒီဇင်ဘာ ၆

ကမ္ဘာကျော်တောင်ကိုရီးယား K-pop မိန်းကလေးအဖွဲ့ Blackpink ၏အဖွဲ့ဝင်လေးဦးလုံးသည် အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုများအတွက် ယခင်အေဂျင်စီအဟောင်းဖြစ်ပြီး အကြီးဆုံးအေဂျင်စီများအနက် တစ်ခုအပါအဝင်ဖြစ်သည့် YG Entertainment နှင့် စာချုပ်သက်တမ်းထပ်တိုးခဲ့သဖြင့် ကုမ္ပဏီ၏ရှယ်ယာများ သုံးပုံတစ်ပုံနီးပါးတက်လာခဲ့သည်ဟု YG Entertainment က ဒီဇင်ဘာလ ၆ ရက်တွင်ပြောကြားခဲ့သည်။

စာချုပ် သက်တမ်း မပြည့်မီလအတန်ကြာကတည်းက Blackpink အဖွဲ့ဝင်အချို့သည် YG နှင့် စာချုပ်ဆက်လက်မချုပ်ဆိုတော့ကြောင်း ထင်ကြေးပေးမှုများရှိခဲ့သဖြင့် ကုမ္ပဏီ၏ရှယ်ယာအပိုင်းမှာလည်း ဖိအားများရှိခဲ့ကြောင်းအေဂျင်စီကပြောကြားခဲ့သည်။

“ခိုင်မာတဲ့ယုံကြည်မှုနဲ့ Blackpink နဲ့ အလေးအနက်ဆွေးနွေးပြီးနောက် အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်” ဟုလည်း YG Entertainment ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

YG ၏ပံ့ပိုးကူညီမှုနှင့် Blackpink အဖွဲ့ဝင်များဖြစ်ကြသည့် Jennie၊Jisoo၊Lisa၊Rose တို့သည် တေးသီချင်းအသစ်များထုတ်ပြီး အကြီးစားကမ္ဘာလှည့်ဖျော်ဖြေပွဲများကျင်းပကာ ကမ္ဘာတစ်ဝန်းမှပရိသတ်များ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်သွားကြဦးမည်ဖြစ်ရာ ပရိသတ်များကလည်း ဝမ်းသာဂုဏ်ပြုပေးလျက်ရှိကြသည်။

Blackpink အဖွဲ့ဝင်များသည် ပြီးခဲ့တဲ့လကလည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပေးမှု၌ ၎င်းတို့၏လုပ်ဆောင်မှုများအတွက် တတိယမြောက် ချားလ်စ်ဘုရင် မင်းမြတ် ၏ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကိုချီးမြှင့်ခံခဲ့ရသောအဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

ယင်းအပြင်၎င်းတို့သည် ယူကျု့ချန်နယ်၌ ကြည့်ရှုမှုအများဆုံးအဖွဲ့အဖြစ် နာမည်ကျော်ကြားလာခဲ့ပြီး ဂင်းနစ်စံချိန်ဝင်သည်အထိလည်းဖြစ်လာကာ ယခုအခါ၎င်းတို့၏ ချန်နယ်အားဝင်ရောက်ကြည်ရှု့သူ သန်း ၉၀ ရှိပြီဖြစ်သည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here