အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေး eCom -Reg System သင်တန်း အခမဲ့ပို့ချ‌ပေးမည်

0
228

အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် eCom -Reg System သင်တန်းကို အခမဲ့သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း စားသုံး‌သူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ(၂၂)ရက်နေ့အထိ အပတ်စဉ် အင်္ဂါနှင့်သောကြာ နေ့များ၌ Virtual online စနစ်ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းရောက်လိုသူများအနေဖြင့် ဒီဇင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းနှင့် ကန့်သတ်သင်တန်းသားဦးရေကျော်လွန်ပါက ထပ်မံပြုလုပ်မည့် သင်တန်းများတွင် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာတွင်အချက်အလက်မှန်ကန်အောင် ဖြည့်စွက်ရမည့်အပြင် ပေးပို့လာသော အီးမေးလ်လိပ်စာနှင့် လျှောက်လွှာတွင် ဖြည့်သွင်းထားသည့် အီးမေးလ်လိပ်စာ တူညီရမည်‌ဖြစ်ကြောင်း၊ သင်တန်းတွင် ပါဝင်တက်ရောက်ခွင့်ရပါက ပေးပို့လာသော အီးမေးလ်ဖြင့်ဖြစ်စေ၊ ဖုန်းဆက်အကြောင်းကြား၍ဖြစ်စေ အကြောင်းပြန်ကြားပေးသွားမည်ဖြစ်သည်။

လျှောက်လွှာလက်ခံဆောင်ရွက်သည့်နေ့မှာ နိုဝင်ဘာ (၃၀)ရက်နေ့မှ ဒီဇင်ဘာ (၈)ရက်နေ့အထိ လက်ခံလျှက်ရှိပြီး၊ အသေးစိတ်စုံစမ်းသိရှိလိုပါက ၀၆၇- ၄၀၈၄၁၂၊ ၄၀၈၂၄၁တို့ အားဆက်သွယ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here