ကွာလာလမ်ပူတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဆောက်လက်စတံတားပေါ်မှ ပြုတ်ကျ‌ေ-သဆုံး

0
186

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ ပြုတ်ကျ‌ေ-သဆုံးခဲ့ရကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

ကွာလာလမ်ပူမြို့ရှိ မိုးပျံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ သံချောင်းများအား ဝရိန်ဆော်နေစဉ် မတော်တဆဖြစ်ကာ တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ကွာလာလမ်ပူမြို့ဆေးရုံကြီးမြို့တွင် ဆေးကုသနေစဉ် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ (၃၀) ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြုတ်ကျ‌ေ-သဆုံးခဲ့သူမှာ ကိုစည်သူဟိန်း အသက် (၂၃)နှစ်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူမြို့နယ် ဇီးတောကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ကျန်ရစ်သော ခန္ဓာကိုယ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ချဲရပ်သုသန် ဂျလန်ကွာလီတွင်ရှိသော မီးသဂြိုလ်စက်၌ ဒီဇင်ဘာ (၁၀)ရက်၊ နံနက် (၁၀)နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

Photo – မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here