မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိရန်တရုတ်မျှော်လင့်–မစ္စတာဝမ်ယိ

0
211

ပေကျင်း၊ဒီဇင်ဘာ ၆

မြန်မာနိုင်ငံ၌အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအမြန်ဆုံးရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက ဒီဇင်ဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၌ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည့် မစ္စတာဝမ်ယိက နှစ်နိုင်ငံလုံးသည် တယ်လီကွန်းလိမ်လည်မှုပပျောက်ရေးအတွက် တရားဥပဒေစိုးမိုးရန် ပူးပေါင်းဆောင်ရွက်မှု၌ ခိုင်မာအားကောင်းသင့်သည်ဟုလည်း ၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခနောက်ပိုင်း မြန်မာ့တပ်မတော်၏ အကြီးမားဆုံးစိန်ခေါ်မှုသည် ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများပင်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသားများအား ငွေကြေးအမြောက်အမြားလိမ်လည်ခဲ့သည့် မြန်မာနိုင်ငံရှိတယ်လီကွန်းလိမ်လည်မှုအဖွဲ့များကိုနှိမ်နင်းခဲ့ကာ မြန်မာနိုင်ငံမြောက်ပိုင်း၌ ပိတ်မိနေသူများအားကယ်ဆယ်ရာတွင် မကြာသေးမီကပြုလုပ်ခဲ့သည့် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများမှ ရလဒ်ကောင်းများရရှိခဲ့သည်ဟုလည်း ၎င်းကအတည်ပြုပြောကြားအသိအမှတ်ပြုခဲ့သည်။

မြန်မာအာဏာပိုင်များအနေဖြင့် တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပေကျင်းတာဝန်ရှိသူများက ပြီးခဲ့သည့်လကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ တယ်လီကွန်းလိမ်လည်မှုစင်တာ အနည်းဆုံး ၁,၀၀၀ ခန့် ရှိပြီး တစ်ရက်လျှင် လူတစ်သိန်းကျော် ခန့် သည် အဆိုပါတယ်လီကွန်းလိမ်လည်မှု၌ ပါဝင်ပတ်သက် နေကြသည်ဟုလည်း တရုတ်အစိုးရမီဒီယာကဖော်ပြထားသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here