ဂျပန်မှာ ပျက်ကျမှုဖြစ်ခဲ့ပြီးနောက် အမေရိကန်က V-22 အော့စ်ပရေးလေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်း

0
164

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံ ကမ်းလွန်မှာ ယာဉ်ပေါ်ပါသူ ၈ ဦးစလုံး ‌ေ-သဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ခဲ့ပြီးနောက် V-22 အော့စ်ပရေးလေယာဉ်အုပ်စု ပျံသန်းမှုတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်းအမေရိကန်စစ်တပ်က ဒီဇင်ဘာ (၆) ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဂျပန်ကတော့ ၎င်းတို့ရဲ့ ပမာဏနည်းသော အော့စ်ပရေးလေယာဉ်တပ်စု ပျံသန်းမှုကို ယခင်ကတည်းက ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

ယင်းလေယာဉ်တွေ ဂျပန်နိုင်ငံအတွင်း တပ်ဖြန့်မှုအတွက် အငြင်းပွားမှုတွေဖြစ်ခဲ့သေးပြီး ဝေဖန်သူတွေက ဘိုးရင်းနဲ့ ဘဲလ် ဟယ်လီကော်ပတာ ကုမ္ပဏီထုတ် အော့စ်ပရေးလေယာဉ်တွေဟာ မတော်တဆထိခိုက်မှုဖြစ်ဖို့ အလားလာများတဲ့ ယာဉ်အမျိုးအစားဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

အချက်အလက်တွေအပေါ် ကနဦးစစ်ဆေးသုံးသပ်ချက်အရ စစ်အသုံးအဆောင် ပစ္စည်းပိုင်းမှာ ချို့ယွင်းချက်တစ်ခုကြောင့် ထိခိုက်မှုအနည်းငယ်ဖြစ်ခဲ့ပုံရကြောင်း သို့ပေမယ့် ပျက်ကျမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကိုတော့ ဒီအချိန်မှာ မသိနိုင်သေးကြောင်း အမေရိကန်လေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ယခုနောက်ဆုံး ပျက်ကျမှုဖြစ်စဉ်ဟာ ပုံမှန်လေ့ကျင့်ရေးမစ်ရှင်တစ်ခုမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တိုကျိုမြို့တော် အနောက်တောင်ဘက် ၁၀၄၀ ကီလိုမီတာခန့်အကွာ ယာကီရှီးမားကျွန်းကမ်းလွန် ရေပြင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစား အစင်း ၄၀၀ ခန့် လွှဲအပ်ပေးထားပြီးဖြစ်ကာ အဓိကအားဖြင့် အမေရိကန်လေတပ်၊ မရိန်းတပ်ဖွဲ့နဲ့ ရေတပ်တွေမှာ အသုံးပြုနေတယ်လို့ ဘိုးရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here