NCA ချုပ်ဆိုခြင်းနှင့် ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာသည့် ရလာဒ်များကို အခြေခံ၍ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
232

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်းနှင့် ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာသည့် ရလာဒ်များကို အခြေခံ၍ ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းကြရမည်ဟုနစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ယနေ့ ဒီဇင်ဘာ (၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်တွင်ကျရောက်သည့်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ၄င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အားလုံး NCA တွင်ပါဝင်လာနိုင်ရေး အမြဲတံခါးဖွင့် ကြိုဆိုလက်ကမ်းထားကြောင်းလည်း ပါဝင်သည်။

ထို့အပြင် တပ်မတော်အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒိုတာဝန် အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့် ပြည်တွင်း ပြည်ပ ရန်များကို ကာကွယ်စောင့်ရှောက်လျက်ရှိ ​နေကြောင်းလည်း ၄င်းကထည့်သွင်း ပြောကြားသည်။

လက်ရှိကာလသည် တိုင်းရင်းသားအားလုံး၏ညီညွတ်သောစုပေါင်းအားဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည့် အချိန်ကာလဖြစ်ကြောင်းလည်း အသိ​ပေးထားသည်။

ဆက်လက်၍ နစက ဥက္ကဋ္ဌက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များဖြစ်သည့် တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များပြုစုပျိုးထောင်ရေး၊စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here