သစ္စာဖောက် လွှတ်တော်အမတ်ဟောင်းကို သ-တ်ဖြ-တ်လိုက်ပြီဟု ယူကရိန်း ပြောကြား

0
187

ရုရှားနိုင်ငံရောက် သစ္စာဖောက် ယူကရိန်း လွှတ်တော်အမတ်ဟောင်း အီလီယာကီဗာကို ယူကရိန်းရဲ့ SBU လုံခြုံရေးအဖွဲ့က လုပ်ကြံသ-တ်ဖြ-တ်လိုက်ပြီဖြစ်တယ်လို့ ဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။

“လက်နက်ငယ်တွေသုံးပြီး ရာဇဝတ်သားကို ရှင်းပစ်လိုက်တာပါ” လို့ သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

သူ့ရဲ့ အလေ-ာင်းကို မော်စကိုမြို့ပြင်မှာ တွေ့ရှိခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးသူတွေက ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်အပေါ် သစ္စာဖောက်မှု၊ ယူကရိန်းနိုင်ငံကို သိမ်းပိုက်ဖို့ လူသိရှင်ကြား တောင်းဆိုခဲ့မှုတွေအတွက် ယခုနှစ်အစောပိုင်းက ကီဗာကို ထောင်ဒဏ် (၁၄) နှစ် အမိန့်ချထားခဲ့တာဖြစ်ပြီး ကီဗာဟာ ယူကရိန်းကနေ ထွက်ပြေးသွားခဲ့တာကြောင့် မျက်ကွယ် ထောင်ဒဏ်ချမှတ်ခဲ့ရတာဖြစ်ပါတယ်။

ယူကရိန်း သတင်းမီဒီယာတွေကလည်း အသက် ၄၆ နှစ်အရွယ် လွှတ်တော်အမတ်ဟောင်း လုပ်ကြံသ-တ်ဖြ-တ်ခံရမှုနောက်ကွယ်မှာ SBU ပါဝင်ခဲ့ကြောင်းကို ၎င်းတို့ရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

“ဟုတ်ပါတယ်၊ ကီဗာ မရှိတော့ဘူးဆိုတာ အတည်ပြုနိုင်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အခြားသော သစ္စာဖောက်တွေ၊ ပူတင် အစိုးရအဖွဲ့ရဲ့ ရုပ်သေးရုပ်တွေလည်း ဒီကံကြမ္မာမျိုး ကြုံရပါလိမ့်မယ်” လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရိုင် ယူဆော့ဗ်က ယူကရိန်းရုပ်သံကို ပြောဆိုသွားခဲ့ပါတယ်။

ကနဦး သတင်းအချက်အလက်တွေအရ မော်စကိုမြို့အနောက်ပိုင်း ဆူပိုနီဗာကျေးရွာမှာ ကီဗာ ပ-စ်သ-တ်ခံလိုက်ရတာလို့ ပြဆိုနေကြောင်း ရုရှားနိုင်ငံ SK စုံစမ်းစစ်ဆေးရေးကော်မတီက ပြောဆိုခဲ့ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုခဲ့ပါတယ်။

ကီဗာဟာ ၂၀၁၉ ယူကရိန်းသမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်မှုတွေမစခင် တစ်လအလို ကီဗာ ယူကရိန်းနိုင်ငံကနေ ထွက်သွားခဲ့ပါတယ်။

ကီဗာဟာ ရုရှားနိုင်ငံပိုင် မီဒီယာမှာ ပြုလုပ်တဲ့ ဝါဒဖြန့်ရုပ်သံအစီအစဉ်တွေမှာ ပုံမှန်ပါဝင်သူတစ်ဦးဖြစ်ခဲ့ပြီး ရုရှားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ စီစဉ်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

Ref;BBC


LEAVE A REPLY

Please enter your comment!
Please enter your name here