ဖူးခက်၌ မြန်မာအမျိုးသားတစ်ဦး တူးမြောင်းထဲပြုတ်ကျ‌ေ-သဆုံး

0
190

ဖူးခက်၊ဒီဇင်ဘာ ၇

ထိုင်းနိုင်ငံဖူးခက်၌ မြန်မာအမျိုးသားတစ်ဦးသည် ဒီဇင်ဘာ ၅ ရက်ညသန်းခေါင်အချိန်တွင် တူးမြောင်းအတွင်းပြုတ်ကျ‌ေ-သဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသော နေရာသို့သွားရောက်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် တာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။

ကယ်ဆယ်ရေးသမားများအနေဖြင့် သုံးမီတာအနက်ရှိသည့် တူးမြောင်းအထဲသို့ဆင်းကာ ပြုတ်ကျနေသည့်အမျိုးသားအားကယ်ရန်ကြိုးစားသော်လည်း ၎င်းသည်‌ေ-သဆုံးသွားခဲ့သည်ဟု အတည်ပြုခဲ့ကြသည်။

‌ေ-သဆုံးသူအမျိုးသားသည် မြန်မာအမျိုးသားတစ်ဦးဖြစ်ကြောင်း နီးစပ်ရာဒေသခံများ၏ပြောကြားချက်အရသိရပြီး ၎င်းသည် တူးမြောင်းထဲသို့မကျခင် အရက်မူးနေသည်ကိုတွေ့ခဲ့ရသည်ဟုလည်း ဒေသခံအချို့ကပြောကြားခဲ့သည်။

အဆိုပါအမျိုးသား၏နာမည်အား သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ခြင်းမရှိသေးဘဲ ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ထိုင်းမီဒီယာတစ်ခုဖြစ်သည့် သည်ဖူးခက် အိတ်စ်ပရက်စ်က ဖော်ပြခဲ့သည်။

Source : သည်ဖူးခက်အိတ်စ်ပရက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here