ရုရှား သမ္မတရွေးကောက်ပွဲ ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်တွင်ကျင်းပမည်

0
133

မော်စကို၊ဒီဇင်ဘာ ၇

ရုရှား၌ သမ္မတရွေးကောက်ပွဲအားကျင်းပရေး အတွက် ရက်သတ်မှတ်ရန် အထက်လွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပရန်သဘောတူညီခဲ့ကြကြောင်းသိရသည်။

အဆိုပါရက်၌ ရွေးကောက်ပွဲကျင်းပရန်ဆုံးဖြတ်ချက်အား ဖက်ဒရေးရှင်းကောင်စီ၌ မဲအရေအတွက် စုစုပေါင်း ၁၆၂ မဲဖြင့် တစ်ညီတစ်ညွတ်တည်းအတည်ပြုဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီဆုံးဖြတ်ချက်နဲ့အညီပဲ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးစတင်တာတွေကို ထိထိရောက်ရောက်စတင်လုပ်ဆောင်နေပါတယ်” ဟု ဖက်ဒရေးရှင်းကောင်စီအကြီးအကဲ မစ္စ Valentina Matviyenko ကပြောကြားခဲ့သည်။

ဆက်လက်၍လည်း ၎င်းက ရုရှားသိမ်းယူထားသော ယူကရိန်းနယ်မြေများဖြစ်သည့် ဒွန်စတက်ခ်၊လူဟန့်ခ်စ်၊ဇာပိုရီရှီအာနှင့် ခါဆန်ဒေသများရှိပြည်သူများအနေဖြင့် ယခုရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ်အနေဖြင့် ပါဝင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

သို့သော်လက်ရှိအချိန်အထိ သမ္မတပူတင်အနေဖြင့် နောက်ထပ်ခြောက်နှစ်တာသမ္မတသက်တမ်းအတွက် ပါဝင်ရွေးကောက်ခံခြင်းရှိမရှိကိုမူ တရားဝင်ထုတ်ပြန်ကြေငြာခြင်းမျိုးမရှိသေးဟုသိရသည်။

Source :Reuter


LEAVE A REPLY

Please enter your comment!
Please enter your name here