ဟဇ်ဘိုလာကျေးဇူးကြောင့် ဘေရွတ်နှင့် လက်ဘနွန်တောင်ပိုင်းတို့လည်း ဂါဇာကဲ့သို့ဖြစ်လာနိုင်ဟု နေတန်ယာဟုပြောကြား

0
147

ဟဇ်ဘိုလာတို့နှင့် လက်ဘနွန်နယ်စပ်တွင် တင်းမာမှုများ တိုးလာခြင်းကြောင့် ဘေရွတ်နှင့် တောင်လက်ဘနွန်တို့သည်လည်း ဂါဇာကမ်းမြောင်ဒေသကဲ့သိုပင် ထပ်မံဖြစ်လာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးကာကွယ်ရေးတပ်များချထားရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြောကြားခဲ့သည်။

“တကယ်လို့ ဟစ်ဇ်ဘိုလာဟာ စစ်ကိုခေါ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့ကျေးဇူးနဲ့ ဒီကနေ သိပ်မဝေးတဲ့ ဘေရွတ်နဲ့ လက်ဘနွန်တောင်ပိုင်းဒေသတွေဟာ နောက်ထပ် ဂါဇာကမ်းမြှောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်” ဟုလည်း နေတန်ယာဟုက X ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

လက်ဘနွန်နယ်မြေတွင်းမှ မကြာခဏ ပစ်ခတ်မှုများကြောင့် အစ္စရေးမြောက်ပိုင်းနယ်စပ်တွင်လည်း တင်းမာမှုများ ရှိနေသည်။ ထို့ကြောင့် အစ္စရေးက ဟစ်ဇ်ဘိုလာတို့ တည်ရှိရာဒေသမများကို ပစ်မှတ်ထားကာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်မတော်က ဆိုသည်။ ယင်းဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ၅ ကီလိုမီတာအကွာအဝေးအတွင်း အခြေချနေထိုင်သူများကို ရွှေ့ပြောင်းကြရန်ကိုလည်း အစ္စရေးက ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here