ဒီ ဇ င် ဘာ လ ထဲ မှာ တရုတ်နိုင်ငံကို ခရီးထွက်မယ့် နန်းမြတ်ဖြိုးသင်း

0
476

nan-myat-phyo-thin-2-copy

Ve Ve 20th Anniversary Audio CD  ထဲမှာStay with me ဆိုတဲ့ သီချင်းကို နန်းမြတ်ဖြိုးသင်းက ထွန်းထွန်းနဲ့ စုံတွဲသီဆိုထားပါတယ်။ ဒီသီချင်းလေးကတော့ အချစ်သီချင်းလေး ဖြစ်ပြီး ပရိသတ်တွေ နားထောင်လိုက်တာနဲ့ ရင်ထဲမှာ ကြည်ကြည်နူး နူးနဲ့ ပျော်သွားတဲ့ပုံစံေ လး ဖြစ်မှာပါလို့ ကြိုတင်အသိပေးခဲ့ပါ တယ်။ လတ်တလောမှာ နန်းမြတ်ဖြိုးသင်းက တစ်ကိုယ် တော်အခွေထွက်ရှိဖို့အတွက် သီချင်း စုနေပြီး သီချင်း ၇ပုဒ် ရသွားပြီလို့သိရပါတယ်။ ဇာတ်ကားရိုက်ကူး မှုတွေလည်း လုပ်နေရတာကြောင့် သီချင်းခွေ ကြန့်ကြာနေတဲ့အတွက် လည်း ပရိသတ်တွေကို တောင်းပန်ကြောင်းကိုလည်း နန်းမြတ်ဖြိုးသင်းက “တစ်ကိုယ်တော်အခွေဖြစ်မှာပါ။ တေးရေးတွေ ဆီက ရတဲ့ သီချင်းတွေကို သေချာအချောကိုင်ပြီး အယ်လ်ဘမ်အတွက်လုပ်နေပါတယ်။ အခုဇာတ်ကားတွေလည်း ရိုက်နေတယ်။ ပြင် ဦးလွင်ေ တာက်လျှောက်သွားရမယ်။ ၁၂ လပိုင်း ကုန်ပြီးမှ ပြီးမှာပေါ့။ ဒီကြားထဲ မှာလည်း အခွေကိစ္စလုံးဝ မလုပ်ဖြစ်ပြန်ဘူး။ ရန်ကုန် ပြန်လာလိုက် နည်းနည်းလုပ်လိုက် ပြီးရင် မလုပ်ဖြစ်ဘဲနဲ့ ခရီးသွားလိုက် အဲဒီ လို ဖြစ်နေလို့ ကြန့်ကြာနေတာပါ။ အဲဒီအတွက် ပရိသတ်ကြီးကို တောင်း ပန်ပါတယ်” လို့ ပြောပါ တယ်။

နန်းမြတ်ဖြိုးသင်းက Let’s go ပရိုဂရမ် ရိုက်ကူး ရန်အတွက် အဖွဲ့သားတွေ ဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဘန် နီဖြိုး၊ လွှမ်းပိုင်၊ နန်းသူဇာ၊ Bobby Soxer  တို့နဲ့အတူ ဒီတစ်ခေါက်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိကြောင်းသိရပါတယ်။ အဖွဲ့သား တွေကလည်း ညီညွတ်ကြတဲ့ အတွက် ခရီးစဉ်က ပျော်ဖို့ကောင်းမှာ ဖြစ်ကြောင်းကို နန်းမြတ်ဖြိုး သင်းက  “နန်းမြတ်တို့ let’s go  အဖွဲ့သားတွေ ဒီဇင်ဘာလထဲမှာ ရှန်ဟိုင်းသွားမယ်။ ပျော်ဖို့ ကောင်းမှာပါ။ လူညီတော့ ဘယ်ပဲသွားရ သွားရ ပျော်တယ်။ ခရီးသွားတဲ့အခါမှာ ဂယက်တွေကတော့ မျိုးစုံ ကြုံရပါတယ်။ ဘရာဇီးသွားတုန်းက လေယာဉ်ကွင်းမှား ချတယ်။ မျိုးစုံကြုံရတယ်။ ရင်ခုန်စိတ်လှုပ် ရှားစရာ ကောင်းတယ်။ သွားတုန်းတော့ စိတ်ညစ်တယ်။ ပြန်လာတော့ အဲဒီပြဿနာ တွေက ပြန်တွေးတိုင်း အမှတ်ရစရာဖြစ်နေ တယ်။ နန်းမြတ်တို့က reality show  ပုံစံဆိုတော့ ပိုပြီးဂရုစိုက်ရတယ်။ သွားတိုင်း လာတိုင်း အကုန်တောက်လျှောက် ရိုက် နေတာဆိုတော့ ပင်လည်းပင်ပန်းတယ်။ ပရိသတ်ကြီး မပျင်းသွားရဘူး။ မရိုးသွား ရဘူး။ နောက်ပြီး နန်းမြတ်တို့ချည်းပဲ မဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ကို သူတို့ ရောက်သွားသလိုမျိုး ဖြစ်အောင်လည်း တင်ဆက်ရပါတယ်”လို့ ခရီးသွားပရို ဂရမ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
နန်းမြတ်ဖြိုးသင်းက ‘ဗျစ်ရည် ဆိုင်စောင့်တဲ့ဘီလူး’ ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးထားပြီး ပြင်ဦး လွင်မှာ ‘ရပ်ကျော်ရွာကျော်’ ရုပ်ရှင် ဇာတ်ကားနဲ့ ‘အိမ် ကြက်’ဆိုတဲ့ ဇာတ်ကား တွေ ဆက်တိုက်ရိုက် ကူးဖို့ရှိ ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here