၂၀၂၃ ခုနှစ် ပြည်တွင်းလိဂ် ဘောလုံးရာသီအတွင်း ပြည်ပကစားသမားနှစ်ဦးက ဂိုးအများဆုံးသွင်းယူနိုင်

0
177

ယခု ၂၀၂၃ ခုနှစ် ပြည်တွင်းလိဂ် ဘောလုံးရာသီအတွင်း ပြည်ပကစားသမားနှစ်ဦးက ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားအား မြန်မာဘောလုံးအားကစား အသိုင်းတစ်ခုဖြစ်သည့် Myanmar Sport Page က သုံးသပ်ဖော်ပြထားခြင်းဖြစ်သည်။

ပြည်တွင်းလိဂ် တစ်ခုဖြစ်သော Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ရခိုင်ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး အိုင်ဗရီကို့စ်နိုင်ငံသား ထရာရေးသည် အသင်းအတွက် ဂိုးအသွင်းအများဆုံးဖြစ်ပြီး၊ သူကို ဂိုးသွင်းစက် ဟု ခေါ်ဝေါ်နေကြသည်အထိ နာမည်တွင်ခဲ့သည်ဟု ဆိုသည်။

တိုက်စစ်မှူး ထရာရေး သည် ၎င်း၏ အသင်းကိုအကျိုးအပြုဆုံးသူတစ်ဦးအဖြစ် ရှိနေပြီး၊ ဂိုးဖန်တီးမှုတွင်လည်း အရည်အချင်းရှိသူအဖြစ် ကွင်းအတွင်း သက်သေပြကစားခဲ့သည်ကိုတွေ့ရသည်။

ရခိုင်ယူတိုက်တက်အသင်းသည် ယခုနှစ်ရာသီအတွင်း ပြည်ပ အားကစားသမား သုံးဦးခေါ်ယူ၍ ကစားခဲ့ခြင်းဖြစ်ကာ၊ ရန်ကုန်ယူနိုင်တက်အသင်းကဲ့သို့သော အသင်းကို ပွဲစဉ် ပထမ အကျော့တွင် (၂-၁)ဂိုးဖြစ် အနိုင်ကစားနိုင်ခဲ့သည့် အသင်းဖြစ်သည်။

အလားတူ ပြည်တွင်းလိဂ်တွင် ဂိုးသွင်းအများဆုံးဖြစ်သည့် ရှမ်းယူနိုက်တက်တိုက်စစ်မှုး ဘယ််လ်လို့စ် ပြီးပါက ထရာရေးသည် သွင်းဂိုး တစ်ဂိုးအကွာဖြင့် ဒုတိယဂိုးသွင်းအများဆုံးနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဘောလုံးရာသီ ပြီးဆုံးချိန်အထိ ရခိုင်ယူနိုက်တက်အသင်း၏ ရည်မှန်းချက်ဖြစ်သောအမှတ်ပေးဇယားအဆင့်(၁)မှ (၅) အထိ ဝင်ရောက်နိုင်ရေး ခြေစွမ်းပြသမှုကို စောင့်ကြည့်ရမည်ဖြစ်သည်ဟုလည်း Myanmar Sport က သုံးသပ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here