ရန်ကုန်တွင် ယနေ့ အချိန်အခါမဟုတ်
မိုးသည်းထန်စွာရွာခြင်း ၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်

0
199

ရန်ကုန်တွင် ယနေ့ ဒီဇင်ဘာ (၈)ရက် ည နေ (၆)နာရီဝန်းကျင်အချိန်တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယနေု ညနေပိုင်း မိုးစတင် မရွာမီ မိုး ကြိုးပစ်ခြင်း၊ လျှပ်စီးများလက်ခြင်းဖြစ်ပွားခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းလည်းဖြစ်သည်။

မိုး/ဇလ၏ ထုတ်ပြန်ချက်တွင်လည်း ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းတွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု အသိပေးထားသည်။

ထို့အပြင် ဒီဇင်ဘာ(၉)ရက်နေ့၌ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်မည်ဖြစ်ကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here