ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား ပန်းရောင်ကတ်ဖြင့် နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကို ၂၀၂၅ ခုနှစ်အထိ တိုးမြှင့်ပေး

0
160

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) ဖြင့် နေထိုင်ခွင့်ကို ၂၀၂၃ အောက်တိုဘာ (၁) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီ (၁၃)ရက်အထိ သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ သိရသည်။

အလုပ်သမားများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက် မတိုင်ခင် အလုပ်သမားကတ် လျှောက်ထားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာ‌ရေးအာမခံများကို အပြီးလုပ်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအတွက် ကုန်ကျငွေမှာ အနည်းဆုံး ထိုင်းဘတ် ၂၉၄၀ မှ ၃၅၅၀ ဖြစ်ပြီး အလုပ်သမားကတ်အတွက် ၁၄၅၀ ဘတ်၊ ကျန်းမာရေးစစ်ခ ဘတ် ၅၀၀ ၊ ကျန်းမာရေးအာမခံ ၁ နှစ်စာ ဘတ် ၁၆၀၀ ( ပုဂ္ဂလိက ကုမ္ပဏီနှင့် အာမခံ ဝယ်ယူမည်ဆိုပါက ၆ လစာ ဘတ် ၉၉၀ ) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားကတ်နှင့် ကျန်းမာရေးအာမခံကတ်လုပ်ပြီးပါက ၂၀၂၄ အောက်တိုဘာ (၃၁) ရက်မတိုင်ခင် သက်ဆိုင်ရာမှ ကိုယ်ရေးရာဇဝင် ကောက်ယူခြင်း၊ လဝကရုံးတွင် ဗီဇာထုတ်ပေးခြင်းများပြုလုပ်ပြီး CI ( မည်သူမည်ဝါဖြစ်ကြောင်း ) စာအုပ်စိမ်း သို့မဟုတ် ပတ်စ်ပို့ ဆက်လက်လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ အစိုးရ၏ ဖိတ်ကြားမှုအရ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ခရီးစဉ်အတွင်း မဟာချိုင်မြို့ရှိ Thai Union စက်ရုံသို့ သွားရောက်၍ မြန်မာအလုပ်သမားများ တွေ့ဆုံကာ လစာ၏ ၂၅ ရာခိုင်နှုန်းအား သက်ဆိုင်ရာ မိသားစုများထံ တရားဝင်လမ်းကြောင်းမှ ပေးပို့ကြရန် တိုက်တွန်းပြောကြားမှုများ လုပ်ဆောင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here