နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းနည်းဆုံး နည်းပြဆု၊ ကစားသမားဆုနှင့် အကောင်းဆုံးသွင်းဂိုးဆုတို့ကို မန်ချက်စတာယူနိုက်တက်အသင်းမှရရှိ

0
201

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းနည်းဆုံး နည်းပြဆု၊ ကစားသမားဆုနှင့် အကောင်းဆုံးသွင်းဂိုးဆုတို့ကို မန်ချက်စတာယူနိုက်တက်အသင်းမှရရှိခဲ့ကြောင်း သိရသည်။

နည်းပြဆုကို မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ရရှိခဲ့ပြီး ကစားသမားဆုကို နောက်တန်းကစားသမား ဟယ်ရီမက်ဂွိုင်းယား၊ အကောင်းဆုံးသွင်းဂိုးဆုကို ဂါနာချိုတို့က ရရှိခဲ့ခြင်းဖြစ်သည်။

အဲရစ်တန်ဟက်သည် နိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ် (၃) ပွဲကစားရာ (၃) ပွဲလုံးအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နောက်တန်းကစားသမား ဟယ်ရီမက်ဂွိုင်းယားသည်လည်း ယင်းတာဝန်ယူထားသည့်နောက်တန်းတွင် အကောင်းဆုံးခြေစွမ်းပြခဲ့ကာ ပေးဂိုးမရှိစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

ဂါနာချိုသည် အဲဗာတန်နှင့်ပွဲတွင် လှပသော နောက်ပြန်ကန်ချက်ဖြင့် အကောင်းဆုံးသွင်းဂိုးဆုရရှိခဲ့ခြင်းလည်းဖြစ်သည်။

အင်္ဂလန်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ယခင်နှစ်ခြေစွမ်းအောက်ရောက်ရှိနေသည်ကိုတွေ့ရပြီး ပွဲစဥ် (၁၅) ပွဲကစားပြီးချိန်တွင် (၉) ပွဲနိုင် (၆) ပွဲရှုံး သရေမရှိရမှတ် (၂၇) မှတ်ဖြင့် ဇယား၏ အဆင့် (၆) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here