မိုင်းရှူးတောင်ပေါ် တိမ်ပင်လယ်သို့ လာရောက်အပန်းဖြေသူ များပြားလျက်ရှိ

0
361

ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိသော မိုင်းရှူးတောင်ပေါ် တိမ်ပင်လယ်သို့ ယခုနှစ်တွင် လာရောက်ကြည့်ရှု အပန်းဖြေသူ များပြားလျက်ရှိကြောင်း ခရီးစဉ်ကို စတင်ဖော်ဆောင်သူ မနန်းမွေနွံ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ ဘိုးဘွားတောင်သွားလမ်း (PNO) ဘုရားအောက်ဘက်တွင် တည်ရှိပြီး မိုင်းရှူးမြို့မှ လာရောက်လည်ပတ်ပါက (၄၅) မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာသို့ အောက်တိုဘာလမှ စ၍ လာရှိုး၊ ကျောက်မဲမြို့တို့မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားခဲ့ကာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှလည်း လာရောက်လည် ပတ်သူများ ရှိလာကြောင်း သိရသည်။

“တိမ်ပင်လယ်ကို ကြည့်ရှုဖို့ မနက်ပိုင်းမှ လာရောက်သူဦးရေဆိုရင် တစ်ရက်ကို ၅၀၊ ၆၀ လောက် ရှိတယ်။ တိမ်ပင်လယ်ကြည့်ဖို့ ညအိပ်ပြီး စောင့်တဲ့သူတွေနဲ့ဆိုရင် တော်တော်လေးများပါတယ်။ အများအားဖြင့်တော့ လူငယ်တွေပါ”လို့ မနန်းမွေနွံက ပြောသည်။

အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ဓာတ်ပုံရိုက်စရာနေရာများ ဖော်ဆောင်ထားလျက်ရှိကာ ဝင်ကြေးအနေဖြင့် ကျပ် ၄၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

တိမ်ပင်လယ်ကို လာရောက်ကြည့်ရှုသူများထဲမှ ညအိပ်တည်းခိုလိုသူများအတွက် ဘန်ဂလိုများ စီစဉ်ထားရှိပြီး အခန်းခဈေးနှုန်းအနေဖြင့် နှစ်ယောက်အိပ် အခန်းဈေးနှုန်းမှာ ငွေကျပ် ၄၀၀၀၀၊ သုံးယောက်အိပ် အခန်းဈေးနှုန်းမှာ ငွေကျပ် ၆၀၀၀၀၊ လေးယောက်အိပ် အခန်းဈေးနှုန်းမှာ ငွေကျပ် ၈၀၀၀၀ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here