တစ်လနီးပါး ကျင်းပမည့် (၁၆) ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းအရေအတွက် (၂) သိန်း ပြသရန်စီစဉ်ထား

0
457

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၆) ကြိမ်မြောက် Flower Wonderland ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၆)ရက်မှ ဇန်နဝါရီ (၁၄) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပန်းအရေအတွက် (၂) သိန်း ပြသရန်စီစဉ်ထားကြောင်း သိရသည်။

ပြင်ဦးလွင် ပန်းပွဲတော်တွင် ဒေသပန်းမျိုးများ ပါဝင်ပြသမည့် ဇုန်တစ်ဇုန် အပါအဝင် ပြကွက်ဇုန် (၈) ဇုန်၊ ပန်းအရေအတွက် (၂) သိန်း ပြသရန်စီစဉ်ထားရှိပြီး ပန်းများအလှဆင် စိုက်ပျိုး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကို ၂၀၁၆ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပန်းပွဲတော်ကျင်းပနိုင်ရန်အတွက် ဒီဇင်ဘာလ ပထမပတ်အတွင်းက မန္တလေးတိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here