လောင်းကစားမှုများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာ နိုဝင်ဘာလအတွင်း လောင်းကစားမှု (၁၆၇) မှုမှ တရားခံ (၃၆၉) ဦးဖမ်းဆီးရမိခဲ့

0
185

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားမှုများကို စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လောင်းကစားမှု (၁၆၇) မှုမှ တရားခံ (၃၆၉) ဦးဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိမှုမှာ ရန်ကုန်မှ (၅၂) မှုဖြင့်အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှ (၂၇) မှုဖြင့်ဒုတိယ အများဆုံး ဖြစ်ကာ မန္တလေးမှ (၂၅) မှု၊ ဧရာဝတီမှ (၁၇) မှု၊ ပဲခူး၊ မကွေးနှင့် မွန်မှ (၁၂) မှုစီ၊ နေပြည်တော်မှ (၄) မှု၊ ကချင်၊ နှင့် တနင်္သာရီတို့မှ (၂) မှုစီ၊ ကရင်၊ နှင့် ရခိုင်တို့မှ (၁)မှုစီ စုစုပေါင်း (၁၆၇) မှု ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အမှုများမှာ နှစ်လုံးထီအမှု (၁၁၁) မှုမှ တရားခံ (၁၃၅) ဦးကို လောင်းကြေးငွေ ကျပ် ၁၄,၁၂၂,၅၀၀၊ ချဲထီအမှု (၁၂) မှုမှ တရားခံ (၁၂) ဦးကို လောင်းကြေးငွေ ကျပ် ၁,၀၆၃,၇၀၀၊ ဖဲမှု (၂၆) မှုမှ တရားခံ (၁၁၈) ဦးကို လောင်းကြေးငွေ ကျပ် ၄,၀၂၀,၈၀၀ နှင့် အခြားလောင်းကစားမှု (၁၈) မှုမှ တရားခံ (၁၀၄) ဦးကို လောင်းကြေးငွေ ၁၇၇,၃၇၈,၉၀၂ ကျပ်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း လောင်းကစားမှု (၁၆၇) ခုမှ ဖမ်းမိတရားခံ (၃၆၉) ဦးနှင့် ၁၉၆,၅ ၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အထက်ပါ လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း (၁၀၉) လုံး၊ ဆိုင်ကယ် (၂၉) စီး၊ ကား (၅) စီး၊ လက်တော့ပ် (၄) လုံး၊ ဂိမ်းစက် (၇) လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here