ကယန်းနှစ်သစ်ကူးပွဲတော်အား တိုင်းရင်းသားများအားလုံးပါဝင်ပေးကြရန် ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာ ဖိတ်ခေါ်

0
251

ထိုင်းနိုင်ငံတွင်ပြုလုပ်ကျင်းပမည့် ကယန်းနှစ်သစ်ကူးပွဲတော်အား မည်သည့်တိုင်းရင်းသားလူမျိုးမဆို ပါဝင်ပေးကြရန် ကယန်းလက်‌
‌ဝှေ့မယ် ဘရော်နီကာ က တိုက်တွန်းထားသည်။

ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပြုလုပ်မည့် ကယန်းရိုးရာနှစ်သစ်ကူပွဲတော်၌ ပါဝင်ပေးကြရန် ဘရော်နီကာ က သူ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

” ကယန်းတိုင်းရင်းသားညီအကိုများ လာရောက်အားဖြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ အခြားတိုင်းရင်းသားညီအကိုများပါဝင်ချင်တယ်ဆိုရင်လည်း လာရောက်နိုင်ပါတယ်။ အဲ့ဒီ့နေ့ကျရင် ကယန်းရံပုံငွေဈေးရောင်းပွဲတော်လည်းလုပ်ပါမယ်။”ဟု ဆိုသည်။

အဆိုပါ ကယန်းနှစ်သစ်ကူးပွဲတော်တွင် ဘောလုံးပြိုင်ပွဲထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကယန်းရိုးရာဆန်ပြုတ်ဖြင့် လည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲတွင် ကယန်းလူငယ် ဘောလုံးအသင်း စုစုပေါင်း (၂၀) သင်း က ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၂ခုနှစ် ကယန်းနှစ်သစ်ကူးပွဲကို ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းက ကယန်းအများစုနေထိုင်ရာ ကျေးရွာများတွင် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ကျင်းပခဲ့ကြပြီး စစ်ရှောင်စခန်းများနှင့် ထိုင်းနယ်စစ်ဒုက္ခသည် စခန်းများတွင်ပါ ကျင်းပခဲ့ကြသည်။

ကယန်းလူမျိုးများသည် ကမ်းယံလူမျိုးမှတဆင့် ဆင်းသက်လာပြီး ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ဘာသာစကားနှင့် ရှင်သန်နေထိုင်လာသော လူမျိုးတမျိုးဖြစ်ကာ မြန်မာနိုင်ငံသို့ ဘီစီ (၇၃၉)တွင် ဝင်ရောက်လာခဲ့ကြပြီး၊ ယင်းနှစ်ကိုအစွဲပြု၍ ကယန်းနှစ်သစ်ကူးနေ့ သတ်မှတ်ကာ ကျင်းပပြုလုပ်ကြခြင်းဖြစ်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here