ထိုင်း၌ ဆေးစွဲနေသည့်သမီးက မိခင်အားတံမြက်စည်းဖြင့်ရိုက်ရာမှမိခင်‌ေ-သဆုံး

0
298

ဘန်ကောက်၊ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံ၌ ဆေးစွဲနေသည့် သမီးဖြစ်သူက မိခင်အားတံမြက်စည်းဖြင့်ရိုက်ရာ မှ မိခင် သည် ‌ေ-သဆုံးခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ အသက် ၄၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဉီးသည် အသက် ၇၂ နှစ်အရွယ်ရှိ ၎င်း၏မိခင်ဖြစ်သူအား စိတ်မချသဖြင့်လာကြည့်ချိန်တွင် မိခင်မှာ ဒဏ်ရာများဖြင့်လဲကျ‌ေ-သဆုံးနေသည်ကိုတွေ့ရသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။မိခင်၏ဘေးတွင် သွေးစွန်းနေသော တံမြက်စည်းပါပြုတ်ကျနေသည်ကိုလည်းတွေ့ရသည်ဟုဆိုသည်။

အဆိုပါအမျိုးသမီးသည် ၎င်းအနေဖြင့် မိခင်ဖြစ်သူ၏‌ေ-သဆုံးမှုတွင် အသက် ၅၂ နှစ်အရွယ်ရှိ ၎င်း၏အစ်မဖြစ်သူအားသံသယရှိကြောင်းပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အစ်မသည် မူးယစ်ဆေးစွဲနေသူတစ်ဉီးဖြစ်ပြီး မကြာခဏဆိုသလို မိခင်နှင့်စကားများရန်ဖြစ်လေ့ရှိသည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက်သက်ဆိုင်ရာက ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ ‌ေ-သဆုံးသူအမျိုးသမီး၏သမီးအကြီးထံတွင် မူးယစ်ဆေးပြားများသိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်စုံစမ်းစစ်ဆေးရန် ရဲစခန်းသို့ခေါ်ဆောင်သွားကြောင်းလည်းသိရသည်။ အဆိုပါအမျိုးသမီးသည် ၎င်း၏မိခင်အားမသ-တ်ကြောင်း ငြင်းဆိုခဲ့သော်လည်း ၎င်းအား မိခင်အား‌ေ-သဆုံးသည်အထိရိုက်နှက်မှုကြောင့် လူသ-တ်မှုဖြင့်သက်ဆိုင်ရာက အမှုဖွင့်တရားစွဲဆိုထားကြောင်းလည်းသိရသည်။

ထိုင်းနိုင်ငံ၌ မူးယစ်ဆေးဝါးပြဿနာများသည် လူငယ်များအကြားအဓိကပြဿနာဖြစ်လာပြီး အခြားအမှုတစ်ခုတွင်လည်း မိခင်ဖြစ်သူက သားဖြစ်သူဆေးစွဲနေသည်ကိုဆုံးမ၍ မရသောကြောင့် လူငှားဖြင့်သ-တ်ခိုင်းခဲ့ပြီးနောက် ရဲစခန်းတွင်ကိုယ်တိုင်ဖြောင့်ချက်ပေးဝန်ခံကာအဖမ်းခံခဲ့သည်ဟုလည်းသိရသည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here