၂၀၂၃ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲအဖြစ် မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင် ကစားမည်

0
212

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲကျန်အဖြစ် ယနေ့ ဒီဇင်ဘာ (၁၀)ရက် ညနေပိုင်းတွင် မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

ရာသီ နောက်ဆုံး ပွဲစဉ်(၁၆)ကို ယမန်နေ့ဒီဇင်ဘာ (၉)ရက် ညနေပိုင်းက ရှမ်းယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ၊ ရှမ်းယူနိုက်တက်အသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်မှုတွင် မည်သည်အသင်းက အနိုင်ရရှိမည်ဆိုသည်ကို စောင့်ကြရမည့်အခြေအနေတရပ်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီပွဲစဉ်တစ်လျှောက်လုံးတွင် အမှတ်ပေးဇယားအဆင့်(၂)နေရာတွင် ရပ်တည်နေသောအသင်း တစ်သင်းဖြစ်သည်။

အလားတူ ယမန်နေ့က အနိုင်ရရှိခဲ့သော ရှမ်းယူနိုက်တက်အသင်းသည်လည်း ပွဲစဉ်တစ်လျှောက်အမှတ်ပေး ဇယာအဆင့်(၁)နေရာတွင်ရပ်တည်နေသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်အပြီး AYA Pay Man of the Match ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ နန္ဒကျော်က ရရှိခဲ့သည်။

နန္ဒကျော်အနေဖြင့် ယခုပွဲတွင် ရှမ်းယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ AYA Pay မှ ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နန္ဒကျော်အနေဖြင့် အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်းရရှိခဲ့သည်။

Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Supporting Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here