ပြင်ဦးလွင်တွင် ဆိုင်ကယ် မတော်တဆမှုကြောင့်အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရ

0
114

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာ (၉) ရက်၊ ညပိုင်းနှင့် ဒီဇင်ဘာ (၁၀)ရက် နံနက်ပိုင်းတို့တွင် ဆိုင်ကယ်မတော်တဆမှု (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၀)၊ နောင်ခမ်းကြီး အလယ်စု၌ ဒီဇင်ဘာ (၁၀)ရက် နံနက်ပိုင်းက ဆိုင်ကယ် မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည့်အတွက် အသင်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားချက်အရ အခင်းဖြစ်ရာ နေရာသို့သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးအား သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ အရေးပေါ် သူနာတင်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ (၉)ရက် ညပိုင်းက ပြင်ဦးလွင်မြို့၊ ညံ‌တော (၁၆)လမ်းထိပ်၌လည်း ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မတော်တဆဖြစ်ပွားမှုမှ ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးကိုလည်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here