မလေးရှားနိုင်ငံ မိုးပျံတံတားပေါ်မှ ပြုတ်ကျ‌ေ-သဆုံးခဲ့သည့် မြန်မာလုပ်သား ရုပ်အလေ-ာင်း ယနေ့ မီးသဂြိုဟ်

0
493

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ရှိ မိုးပျံတံတားပေါ်မှ ပြုတ်ကျ‌ေ-သဆုံးခဲ့သည့် မြန်မာလုပ်သား ရုပ်အလေ-ာင်းအား ယနေ့ ဒီဇင်ဘာ (၁၀)နံနက်ပိုင်းတွင် မီးသဂြိုဟ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ကပုန်းမြို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က အသိပေးထားသည်။

‌ေ-သဆုံးသူ အသက်(၂၃)နှစ်အရွှယ် မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်သူ မောင်စည်သူဟိန်းသည် နိုဝင်ဘာ (၃၀)ရက်နေ့က ဆောက်လုပ်ဆဲမိုးပျံတံတားပေါ်တွင် ဝရိန်ဆော်ရာမှ မတော်တဆ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းအား ကွာလာလမ်မြို့ ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ခဲ့သော်လည်း‌ေ-သဆုံးသွားခဲ့သည်။

ယင်း၏ ရုပ်အလေ-ာင်းအား ယနေ့ တွင် ကွာလာလမ်ပူမြို့ ချဲရပ်သုဿန် ဂျလန်ကွာလီတွင် ရှိသော မီးသဂြိုလ်စက်ဖြင့်မီးသဂြိုဟ် ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ နာရေးသို့ မြန်မာသံရုံး(မလေးရှား)၏ အလုပ်သမားရေးရာသံအရာရှိများနှင့် မြန်မာနိုင်ငံသားများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here