ဘိုကလေးမှ ရန်ကုန်သို့ နိုဝင်ဘာလတွင်း ပေါ်ဆန်းဆန်အိတ်ရေ ၈၇၀၀၀ တင်ပို့ရောင်းချခဲ့

0
344

ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ နိုဝင်ဘာလက ၂၄ ပြည်ဝင် ပေါ်ဆန်းဆန်အိတ်ရေ ၈၇,၀၀၀ အထိ တင်ပို့ရောင်းချခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ဆန်စပါးပွဲရုံပိုင်ရှင်၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ၂၄ ပြည်ဝင် ပေါ်ဆန်းဆန်အိတ်ရေ ၅၅,၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း တစ်လအတွင်းမှာ ဆန်အိတ်ရေ ၃၂,၀၀၀ အထိ တိုးမြှင့်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း တင်ပို့ရောင်းချနိုင်ခဲ့သည့် ပေါ်ဆန်းဆန်အိတ်ရေ ၁၀၀ လျှင် ငွေကျပ် ၉,၆၅၀,၀၀၀ စျေးရခဲ့ကြောင်း ဆန်စပါးပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားထားသည်။

“ဆန်ကြမ်းအပြင် ပေါ်ဆန်းဆန်အချောတွေပါ ရန်ကုန်စျေးကွက်က အဝယ်လိုက်နေပါတယ်”ဟု ပွဲရုံပိုင်ရှင်က ဆိုသည်။

ဘိုကလေးမြို့နယ်မှ ပေါ်ဆန်းဆန်များကို ကုန်းလမ်းကြောင်းမှ ကုန်တင်ယာဥ်များဖြင့် အဓိက တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။

“လက်ရှိ ဒေသထွက် လက်ကျန်ပေါ်ဆန်းတွေကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်စျေးကွက်ကို တင်ပို့ ရောင်းချနေပါတယ်။ ဆန်စျေးကတော့ အနည်းငယ်တက်လာတယ်”ဟု ဆိုသည်။

ဆန်များ တင်ပို့ရောင်းချရမှု အားကောင်းလာခြင်းကြောင့် ကုန်တင်ကုန်ချလုပ်သားမြား၊ ကုန်တင်ကားအငှားလိုက်သူများ၊ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here