အစ္စရေးနှင့်ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုကာတာပြော

0
154

ဒိုဟာ၊ဒီဇင်ဘာ ၁၀

အစ္စရေးက ဗုံးကျဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေပြီး နှစ်ဘက်အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအတွက် အောင်မြင်နိုင်ချေနည်းသော်လည်း အစ္စရေး – ဟားမတ်စ်အပစ်အခတ်ရပ်စဲရေးအားအကောင်အထည်ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာတာကပြောကြားခဲ့သည်။

ကာတာသည် အစ္စရေး – ဟားမတ်စ်အကြား ပထမခုနစ်ရက်တာအပစ်အခတ်ရပ်စဲရေးအတွက် အဓိကကြားဝင်စေ့စပ်ပေးခဲ့သောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့၏စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀၀ ကျော်‌ေ-သဆုံးပြီး နိုင်ငံပေါင်းစုံမှဓ-ါးစာခံ ၂၄၀ ကျော်ကိုလည်းဟားမတ်စ်တို့ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် အစ္စရေးက တရားဝင်စစ်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

အစ္စရေးထိုးစစ်နှင့်ဗုံးကျဲမှုများကြောင့်လည်း ပါလက်စတိုင်းဒေသခံပေါင်း ၁၇,၇၀၀ ‌ေ-သဆုံးခဲ့ပြီဖြစ်ကြောင်း ဂါဇာတာဝန်ရှိသူများကပြောကြားခဲ့သည်။

“အစ္စရေး – ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲဖို့နဲ့ဓ-ါးစာခံအားလုံးလွတ်မြောက်ဖို့ ကျွန်တော်တို့လက်မလျှော့ဘဲ အင်တိုက်အားတိုက်ကြိုးစားသွားမှာပါ၊ဒါပေမဲ့ ကျွန်တော်တို့လို စိတ်အားထက်သန်မှုမျိုး ကာယကံရှင်နှစ်ဖက်လုံးမှာမတွေ့ရပါဘူး” ဟု ကာတာဝန်ကြီးချုပ်ကဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here