ဂါဇာကမ်းမြောင်အတွက် ကုလလုံခြုံရေးကောင်စီအနေဖြင့် ပျက်ကွက်မှုများရှိသည်ဟု ဂူတားရက်စ်ဆို

0
155

ဒိုဟာ၊ဒီဇင်ဘာ ၁၀

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတားရက်စ်က ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှု၌လုံခြုံရေးကောင်စီက ရှုံးနိမ့်ခဲ့သည့်အပေါ်စိတ်မ‌ကောင်းဖြစ်မိ‌ကြောင်း ဒီဇင်ဘာ ၁၀ ရက်ကထုတ်ဖော်ပြောကြားခဲ့သည်။

ကာတာနိုင်ငံဒိုဟာ၌ကျင်းပသည့်ဖိုရမ်တွင် မစ္စတာဂူတားရက်စ်က ကုလလုံခြုံရေးကောင်စီအနေဖြင့် ပထဝီ မဟာဗျူဟာကွဲပြားမှုကြောင့် အစ္စရေး – ဟားမတ်စ်အရေးအတွက်ဖြေရှင်းချက်များကို အားနည်းစေခဲ့သည်ဟုဆိုခဲ့သည်။

“လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကြေညာဖို့ ကျွန်တော့်ရဲ့မေတ္တာရပ်ခံချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်၊စိတ်မကောင်းစရာကောင်းတာက လုံခြုံရေးကောင်စီအနေနဲ့ဒါကို အကောင်အထည်ဖော်ပြီးမလုပ်နိုင်ခဲ့ပါဘူး” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်ကတိပေးနိုင်ပါတယ်၊ကျွန်‌တော်လက်မလျှော့သေးပါဘူး” ဟုလည်းဆိုခဲ့သည်။

မစ္စတာဂူတားရက်စ်သည် အကြီးအကဲတစ်ယောက်အနေဖြင့် ကုလပဋိဉာဥ်စာတမ်းပါပုဒ်မ ၉၉ ကိုအသုံးပြုကာ လုံခြုံရေးကောင်စီအားသတိပေးခဲ့သည်ဟုလည်းသိရသည်။

အဆိုပါပုဒ်မသည် ကုလအကြီးအကဲအနေဖြင့် နိုင်ငံတကာလုံခြုံရေးနှင့်ငြိမ်းချမ်းရေးထိန်းသိမ်းမှုအား ထိခိုက်လာနိုင်သည်ဟုယူဆရသော အရေးကိစ္စများအတွက် လုံခြုံရေးကောင်စီအားသတိပေးလိုသည့်အခါ၌ အသုံးပြုခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါပုဒ်မအား ကုလအကြီးအကဲတစ်ယောက်အနေဖြင့် အသုံးမပြုခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဟုလည်းဆိုသည်။

Source : အေအက်ဖ်ပီ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here