ပြည်မြို့၊ ကိုးသောင်းဈေးအနီး ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိမှုဖြစ်ပွားရာ ကလေး (၂) ဦး နှင့် အမျိုးသား (၁)ဦးတို့ ထိခိုက်ဒဏ်ရာရ

0
116

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကိုးသောင်းဈေးအနီး (ဗိုလ်ချုပ်လမ်းမပေါ်တွင်) ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိမှုဖြစ်ပွားခဲ့ပြီး ကလေး (၂) ဦး နှင့် အမျိုးသား (၁)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှသိရသည်။

ပြည်မြို့၊ ကိုးသောင်းဈေးအနီး (ဗိုလ်ချုပ်လမ်းမပေါ်တွင်) ဒီဇင်ဘာ (၁၁) ရက် နံနက် (၇) နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိခဲ့ရာမှ ဒဏ်ရာရ လူနာများရှိသဖြင့် အ ရေးပေါ် လာရောက် ကူညီပေးပါရန် မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)သို့ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာတွင် ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိမှုကြောင့် ကလေး (၂) ဦးနှင့် အမျိုးသား(၁)ဦး (မစိုးရိမ်ရ) မူးဝေ၊ ခြေလက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး လိုအပ်သည်များကို ဆေး ကုသပြုစုကာ ဖေးမကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here