မန္တလေး ကျုံးမြောက်ဘက်ရှိ ရေပြင်တွင် ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသားအလေ-ာင်း တွေ့

0
201

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာဇံမြို့နယ်၊ (၁၂) လမ်းနှင့် (၇၈) လမ်းထောင့် ကျုံးမြောက်ဘက်ခြမ်း ရေပြင်တွင် ‌ေ-သဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလော-င်းတွေ့ရှိခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာ (၁၁)ရက် နံနက်ပိုင်းက ကျုံးမြောက်ဘက်ခြမ်း ရေပြင်ထဲတွင် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်း ရေပေါ် ပေါ်နေသည်ကို တွေ့ရှိကြောင်း အနီးပတ် ဝန်းကျင်မှ ဒေသခံများက သတင်းပေးပို့ချက်အရ အသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ကျုံးမြောက်ဘက်ခြမ်းရေပြင်ထဲမှာ ပေါ်နေတာ အသက် (၃၀) လောက်တော့ ရှိမယ်။ ဘာဖြစ်တာလဲတော့ မသိဘူး” ဟု အနီးနားရှိ ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နေရာအရောက် အသက် (၃၀) ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ရုပ်အလေ-ာင်းကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲမှ ဆယ်ယူပြီးနောက် လူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here