တောင်းဆိုချက်တွေ မရပါက ဓ-ါးစာခံတွေ အသက်ဆုံးရှုံးရမယ်လို့ ဟားမတ်စ်အဖွဲ့ သတိပေး

0
285

အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး သူတို့ရဲ့ တောင်းဆိုချက်အပေါ် မလိုက်လျောဘူးဆိုရင် ထိန်းသိမ်းထားတဲ့ ဓ-ါးစာခံတွေ ဂါဇာကနေ အသက်ရှင်လျက် ပြန်ထွက်ခွာနိုင်မှာ မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၀) မှာ သတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ပွဲနှစ်လကျော်လာခဲ့အပြီးမှာ ဂါဇာဒေသရဲ့ ကျန်းမာရေးစနစ်ဟာ ပြိုလဲနေပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ (၇) ရက်မှာ အစ္စရေးနယ်မြေအတွင်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အသေအပျောက်များတဲ့ ပဋိပက္ခ စတင်ခဲ့တာပါ။ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၄၀ ဝန်းကျင်လောက် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ အစ္စရေးအစိုးရ စာရင်းဇယားတွေအရ သိရပါတယ်။

ယင်းတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်တဲ့ အစ္စရေးတို့ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့် ဂါဇာဒေသ အတော်များများဟာ အပျက်အစီးပုံတွေဖြစ်ခဲ့ရသလို လက်ရှိအထိ အမျိုးသမီးနဲ့ ကလေး အများစု အပါအဝင် လူပေါင်း ၁၈၀၀၀ လောက် ‌ေ-သဆုံးခဲ့ရပြီဖြစ်တယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဋ္ဌာနက ဆိုပါတယ်။

“ဂါဇာဒေသ ကျန်းမာရေးစနစ်ဟာ ယိုင်နဲ့ ပြိုလဲနေပါပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ် အဒ္ဒဟာနန် ဂီဘရီယီဆပ်က ပြောဆိုခဲ့ပြီး ဆေးရုံ (၃၆) ရုံမှာ (၁၄) ရုံလောက်ပဲ လုပ်ငန်းဆောင်ရွက်နိုင်တော့တယ်လို့ ဆိုပါတယ်။

အလဲအလှယ်လုပ်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနဲ့ တောင်းဆိုချက်တွေ လိုက်လျောခြင်း မရှိဘူးဆိုရင် အစ္စရေးအနေနဲ့ သူတို့ အကျဉ်းသားတွေကို အသက်ရှင်လျက် ပြန်ရမှာမဟုတ်ဘူးလို့ ရုပ်သံထုတ်ပြန်ချက်တစ်ခုမှာ ဟားမတ်စ် ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသွားခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဘာဆမ်နီယမ်က နိုဝင်ဘာလ အနှောင်းပိုင်းအတွင်း ပြောဆိုခဲ့ရာမှာ အဖွဲ့အနေနဲ့ မိမိတို့အကျဉ်းသားအားလုံးနဲ့ အစ္စရေး စစ်သားအားလုံး အပြန်အလှန် လဲလှယ်သွားဖို့ အသင့်ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။

ဂါဇာဒေသတွင်းမှာ လက်ရှိအချိန်အထိ ဓ-ါးစာခံ (၁၃၇) ဦး ရှိနေသေးတယ်လို့ အစ္စရေးက ပြောဆိုပြီး တဖန် အစ္စရေး အကျဉ်းထောင်တွေထဲမှာတော့ ပါလက်စတိုင်း အကျဉ်းသား (၇၀၀၀) ဝန်းကျင်ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here