မိုင်းရှာဖွေရေးသင်္ဘောနှစ်စင်း ယူကရိန်းသို့ ဗြိတိန်ထောက်ပံ့ပေးမည်

0
138

ဗြိတိန်နိုင်ငံသည် Sandown အမျိုးအစား မိုင်းရှာဖွေရေးသင်္ဘောနှစ်စင်းကို ယူကရိန်းသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ပို့ကုန်ဘဏ္ဍာရေးမှတဆင့် ယူကရိန်းမှ Sandown Class မိုင်း တန်ပြန်ရေးရေယာဉ် (MCMV) နှစ်စင်း ၀ယ်ယူမည်ဖြစ်ကြောင်းကို ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က ယနေ့ကြေညာလိမ့်မည်” ဟု ဝန်ကြီးဌာနက အသိပေးထားသည်။

ဗြိတိန်သည် နော်ဝေနှင့် အတူပူးပေါင်း၍ ယူကရိန်းအား ရေတပ်အကူအညီများ ပေးအပ်လိုသော နိုင်ငံများပါဝင်သည့် ရေကြောင်းဆိုင်ရာ ညွန့်ပေါင်းအဖွဲ့သစ်ကို ပေါင်းစပ်ဖွဲ့စည်းမည်ဟု ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။

“ပင်လယ်နက်အတွင်း ရေတပ်အင်အား အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး၊ ယူကရိန်း မရိန်းတပ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြစ်ကြောင်း ကင်းလှည့်ရေယာဉ် အပါအဝင် စွမ်းဆောင်ရည် အများအပြားကို ဖော်ဆောင်ဖို့ ယူကရိန်း ရေတပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here