ရာသီချိန်လုပ်သား စေလွှတ်မှုအတွက် ကိုရီးယားအစိုးရဘက်မှ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်မထားကြောင်း မြန်မာသံရုံး အသိပေး

0
159

ကိုရီးယား အစိုးရဘက်မှ ရာသီချိန်လုပ်သား စေလွှတ်မှုနှင့်ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၃) ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသား ရာသီချိန် လုပ်သား စေလွှတ်ရေးနှင့် စပ်လျဉ်းသော ကြော်ငြာများကို မြေပြင် (Offline) နှင့် အွန်လိုင်း (Online)ပေါ်တွင် ဆက်လက် ကြော်ငြာနေဆဲရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရီးယား နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားနှင့် ပတ်သက်စပ်လျဉ်းသော မည်သည့် ညွှန်ကြားချက်နှင့် ရပ်တည်ချက်ကိုမျှ ကြေညာချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း ထပ်မံ အသိပေးထားသည်။

ထို့အပြင် ခိုင်လုံသော သက်သေမရှိဘဲ ကိုရီးယားအစိုးရ၏ ရပ်တည်ချက်ကို ကိုယ်စားပြုကြေညာသည့် အပြုအမူများကို ထပ်မံ၍ အထူးသတိပေးကြောင်းလည်း ဖော်ပြထားသ ည်။

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံကရာသီချိန်လုပ်သားစေလွှတ်ရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ (၉) ရက်တွင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)၌ အစည်းအဝေးပြုလုပ်ခဲ့သော်လည်း ရေရာသည့်ဆုံးဖြတ်ချက် မထွက်ခဲ့ကြောင်း အေဂျင်စီလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် တင်ပြထားသည့် အေဂျင်စီ (၁၁) ခုရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here