ယခုဘဏ္ဍာနှစ်တွင် ပြည်ပပဲတင်ပို့မှု တိုးလာနိုင်ဟုဆို

0
213

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲတင်ပို့မှုတိုးလာနိုင်ကြောင်း ပြည်ပသို့ ပဲတင်ပို့မှုတိုးလာနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“နှစ်တိုင်း တင်ပို့နေတာက တန်ချိန် တစ်သန်းခွဲနဲ့ နှစ်သန်းကြားတင်ပို့တာပေါ့။ အခုဆိုရင် ပြီးခဲ့တဲ့လအထိကို တစ်သန်းကျော်တဲ့ level ရောက်နေပြီ။ ဒီဘဏ္ဍာနှစ်မှာတော့ တိုးလာမယ်လို့ထင်တယ်။ ပင်လယ်ရေကြောင်းက တင်ပို့တာများတယ်။ နယ်စပ်ကနေဆိုရင်တော့ တရုတ်ကိုတင်ပို့တာပေါ့။ နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် အိန္ဒိယကိုပို့တာ များပါတယ်။ ပို့ကုန်ရငွေကို ဖြေလျှော့ပေးလိုက်တော့ စောင့်ကြည့်ရမယ်။ ပိုပြီးတော့ တင်ပို့လာနိုင်မယ်လို့ မျှော်မှန်းထားတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ နိုဝင်ဘာလ (၁၇) ရက်အထိ ပြည်ပသို့ မတ်ပဲနှင့် ပဲစဉ်းငုံအပါအဝင် ပဲမျိုးစုံတန်ချိန် (၁၀) သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမရိကန်ဒေါ်လာ သန်း (၈၅၀) ကျော် ရရှိထားကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here