မူဆယ်မြို့အနီးရှိ ရွှေလီမြစ်အတွင်းသဲချိုင့်ဖြစ်​နေချိန်ဖြစ်သဖြင့် ​ရေန-စ်​‌ေ-သဆုံးသူများလာ

0
206

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ ရွှေလီမြစ်ထဲတွင် ရေဆင်းချိုးရာမှ တစ်ပတ်အတွင်း ရေန-စ် ပျောက်ဆုံးသူ (၄ ) ဦး အထိ ရှိလာကြောင်းနှင့် ပျောက်ဆုံးသူများကို မူဆယ်မြိုခံ ပရဟိအဖွဲ့များနှင့် ဒေသခံများမှ ဝိုင်းဝန်ရှာဖွေနေကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၁) ရက် နေ့လည် (၂) နာရီခွဲခန့်ကလည်း ရွှေလီမြစ်အတွင်း ရေဆင်းချိုးသူ တစ်ဦးရေန-စ် ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့လည်း ထပ်နစ်တယ်။ (၄)ယောက်ရှိပြီ။ ဒေသခံတွေပဲ နေမှာပါဗျာ။” ဟု မူဆယ့်ခံ ပရဟိအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေလီမြစ်အတွင်းရှိ အဆိုပါ နေရာ၌ ပြီးခဲ့သည့် ဒီဇင်ဘာ(၆) ရက်၊ (၉) ရက်နှင့် ဒီဇင်ဘာ (၁၀) ရက်တို့တွင်လည်း တစ်ရက်တစ်ဦးနှုန်း ရေန-စ်‌ေ-သဆုံးခဲ့ကြောင်းလည်း မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“အဲ့ဒါ ရွှေလီမြစ်ထဲက သဲတူးတဲ့ နေရာပေါ့နော်။ ကျွန်တော် ထင်တာက ဒီချိန်က ရေစီးက သိပ်မသန်လောက်ဘူး။ ဒါပေမယ့်အမှုမဲ့ အမှတ်မဲ့ ဆင်းလိုက်တဲ့ အခါကျတော့ သဲတူးတဲ့ နေရာဆိုတော့ သဲချိုင့်ကြီးတွေ ဖြစ်တာပေါ့ဗျာ။ ရေစီးနဲ့ဆိုတော့ ဝဲလိုဖြစ်နေတာပေါ့။ ခြေထောက်လွတ်ပြီး ထင်တာတော့ သဲဝဲထဲကို ရောက်သွားတယ် ထင်တာပေါ့ဗျာ။”ဟု မူဆယ်မြို့ခံ ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ 

အဆိုပါ ရေနစ်သည့် နေရာမှာ သဲတူးသည့် နေရာဖြစ်နေခြင်းကြောင့် ရေဆင်းမချိုးရန် တားမြစ်ထားသင့်ကြောင်းလည်း ဒေသခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here