MNA လေကြောင်းလိုင်းဖြင့် မန္တလေးမှ အခြားမြို့များသို့ လိုက်ပါစီးနင်းသူ တစ်ရက်လျှင် (၆၀၀) ကျော်ရှိ

0
176

မြန်မာအမျိုးသားလေးကြောင်းလိုင်း (MNA) ဖြင့် မန္တလေးမြို့မှ ဗန်းမော်၊ ကျိုင်းတုံနှင့် အခြားမြို့များသို့ ဒီဇင်ဘာလ (၈) ရက်မှစ၍ ခရီးသည်လိုက်ပါစီးနင်းမှု တစ်ရက်လျှင် ဦးရေ (၆၀၀) ကျော်ထိ ရှိလာကြောင်း မြန်မာအမျိုးသားလေးကြောင်းလိုင်း (မန္တလေး) မန်နေဂျာ၏ ပြောပြချက်အရ သိရသည်။

ယခင်က MNA လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဗန်းမော်၊ မြစ်ကြီးနား၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး စသည့် မြို့ကြီးများသို့ ခရီးသည်တင်ဆောင် ပြေးဆွဲရာတွင် လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ နည်းပါးခဲ့သော်လည်း ဒီဇင်ဘာ (၈) ရက်မှစ၍ လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ များပြားလာကြောင်း သိရသည်။

“MNA လေကြောင်းလိုင်းအနေနဲ့ မန္တလေးမြို့ကနေ အခြားမြို့ကြီးတွေကို ပျံသန်းပြေးဆွဲတဲ့အခါ အရင်က လိုက်ပါစီးနင်းတဲ့ ခရီးသည်က တော်တော်လေးနည်းတယ်။ အခု မန္တလေးကနေ အခြားမြို့တွေကို အလုပ်ကိစ္စအပြင် အလည်အပတ်သွားဖို့ MNA လေကြောင်းလိုင်းနဲ့ လိုက်ပါစီးနင်းတဲ့ ခရီးသည်ဦးရေက ပြန်များလာတယ်”ဟု မန်နေဂျာ ဦးအောင်မင်းဆွေက ပြောသည်။

MNA လေကြောင်းလိုင်းဖြင့် ဗန်းမော်၊ မြစ်ကြီးနား၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး စသည့် မြို့ကြီးများသို့ နိုဝင်ဘာလနောက်ဆုံးအပတ်က လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေမှာ တစ်ရက်လျှင်ဦးရေ (၅၀၀) ကျော်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာ (၈) ရက်မှစ၍ MNA လေကြောင်းလိုင်းဖြင့် လိုက် ပါစီးနင်းသည့် ခရီးသည်ဦးရေမှာ တစ်ရက်လျှင် ဦးရေ (၆၀၀) ကျော်အထိ ရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here