မြန်မာ ယူ ၁၅ လိဂ်ပြိုင်ပွဲတွင် မြန်မာပြည်ချန်ပီယံအဖြစ် ရှမ်း(တောင်) အသင်းဗိုလ်စွဲ

0
203

ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) ၏ ကူညီပံ့ပိုးမူဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြန်မာ ယူ ၁၅ လိဂ်ပြိုင်ပွဲတွင် မြန်မာပြည်ချန်ပီယံအဖြစ် ရှမ်း(တောင်) အသင်းက ဗိုလ်စွဲသွားကြောင်း သိရသည်။

FIFA-MFF U15 Youth League 2023 (မြန်မာ ယူ ၁၅ လိဂ်)ပြိုင်ပွဲမှ အထက်မြန်မာပြည် ချန်ပီယံအသင်း ဖြစ်သည့် ရှမ်း(တောင်) အသင်းနှင့် အောက်မြန်မာပြည် ချန်ပီယံအသင်းဖြစ်သည့် ရခိုင်ယူနိုက်တက် တို့သည် ညနေ ၅ နာရီက သုဝဏ္ဏအားကစားကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ယှဥ်ပြိုင်ကစားရာ ရှမ်း(တောင်) အသင်းက ရခိုင်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး မြန်မာပြည်ချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့အတူ တတိယ နေရာလုပွဲအဖြစ် ချင်းတွင်းစတားနဲ့ ရာမညအသင်းတို့ ယှဥ်ပြိုင်ကစားရာ ရာမည အသင်း ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်းလည်းလည်း သိရသည်။

FIFA-MFF U15 Youth League 2023 (မြန်မာ ယူ၁၅ လိဂ်)ပြိုင်ပွဲကို ဇွန်လ ၂၄ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့ (အထက်မြန်မာပြည်ဇုန်) နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တို့တွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၁ သင်းပါဝင်ယှဥ်ပြိုင်ခဲ့ကြသ ည်။

မြန်မာ ယူ ၁၅ လိဂ်သည် မြန်မာ့လက်ရွေးစင် အသင်းများနှင့် ပရော်ဖက်ရှင်နယ်လိဂ် ကလပ်အသင်းများအတွက် မျိုးဆက်သစ် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်လိဂ်တစ်ခုဖြစ်ကြောင်း သိရသည်။

Photo -MFF


LEAVE A REPLY

Please enter your comment!
Please enter your name here