အမေရိကန်သမ္မတနှင့် ယူကရိန်းသမ္မတဇလန်းစကီးတို့အိမ်ဖြူတော်၌တွေ့ဆုံမည်

0
332

ဝါရှင်တန်၊ဒီဇင်ဘာ ၁၁

ယူကရိန်းကို စစ်လက်နက်ထောက်ပံ့မှုအား တိုးပေးရန် လွှတ်တော်ကို အမေရိကန်အစိုးရကဖိအားပေးနေချိန်တွင် အမေရိကန်သမ္မတနှင့်ယူကရိန်းသမ္မတဇလန်းစကီးတို့သည် လာမည့် ဒီဇင်ဘာ ၁၂ ရက် အင်္ဂါနေ့တွင် အိမ်ဖြူတော်၌တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ရုရှား၏ကျူးကျော်မှုအားခုခံကာကွယ်နေသည့် ယူကရိန်းပြည်သူများအား ထောက်ခံအားပေးရန် အမေရိကန်၏ ကတိကဝတ် သည် မယိမ်းယိုင် မတုန်လှုပ်ကြောင်းကိုအလေးပေးဖော်ပြလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုတွေ့ဆုံမှုအားစီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်းအိမ်ဖြူတော်ကပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုအတွင်း ရုရှားက ယူကရိန်းသို့ ဒုံးကျည်များ၊မောင်းသူမဲ့လေယာဉ်များနှင့် တိုက်ခိုက်မှုများ ကို အရှိန်မြှင့်ပြုလုပ်နေသဖြင့် ကန်သမ္မတနှင့်ဇလန်းစကီးတို့သည် ယူကရိန်း၏အရေးပေါ်လိုအပ်ချက်များအား အမေရိကန်၏ဆက်လက်ပံ့ပိုးကူညီမှုသည် အရေးပါကြောင်းများကိုဆွေးနွေးသွားမည်ဟုလည်းဆိုသည်။

ယူကရိန်းသမ္မတဇလန်းစကီးကလည်း သမ္မတဘိုင်ဒင်၏ဖိတ်ကြားချက်အား လက်ခံခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင်၎င်းသည် အမေရိကန် အထက် လွှတ်တော်အမတ်များအား စကားပြောကြားရန်လည်းကမ်းလှမ်းခံထားရကြောင်းသိရသည်။

Source : အေပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here