စစ်တွေ ကုလားတန် ဆိပ်ခံတံတားကို ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် သတ်မှတ်

0
1161

အိန္ဒိယ အစိုးရ၏ အကူအညီဖြင့်တည်ဆောက်ထားသည့် စစ်တွေကုလားတန် ဆိပ်ခံတံတားကို ယာယီပြည်တွင်းဆိပ်ကမ်း တံတားအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၆) ရက်အထိ သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေပုဒ်မ (၁၁) တွင် အပ်နှံထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်တွေ ကုလားတန်ဆိပ်ခံတံတား (Kaladan Multi-Modal Transit Transport Project Jetty) သည် ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင်တည်ရှိပြီး အလျား ၂၁၉ မီတာ၊ အနံ ၁၅.၂ မီတာ အကျယ်အဝန်းရှိကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းတံတားကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားသင်္ဘောများ ဆိုက်ကပ်အသုံး ပြုနိုင်ရေးအတွက် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားကို ယခုနှစ် မေလ (၉) ရက်က (ဗိုလ်ချုပ်ကြီးတင်အောင်စန်းလက်ထက်)ကဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွက်ပါ များစွာ အကျိုး ဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ယခင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးယခုကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ဖူးသည်။

ပုံစာ – ယခုနှစ် မေလ (၉) ရက်က (ဗိုလ်ချုပ်ကြီးတင်အောင်စန်းလက်ထက်)ကဖွင့်လှစ်ခဲ့ခြင်းဖြစ်


LEAVE A REPLY

Please enter your comment!
Please enter your name here