ကိုးကန့်ဒေသမှ လာရောက်သူများ နေထိုင်ခွင့် ကဒ်ပြားပြုလုပ်ရန် မိုင်းလားအထူးဒေသ (၄) ရဲတပ်ဖွဲ့ အသိပေး ထုတ်ပြန်

0
296

ကိုးကန့်ဒေသမှ လာရောက်သည့် ပြည်သူများအနေဖြင့် နေထိုင်ခွင့် ကတ်ပြားများကို အချိန်မီလာရောက်ပြုလုပ်ကြရန် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ(၄) ရဲတပ်ဖွဲ့က အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

ကိုးကန့်ဒေသမှ လာရောက်သူများအနေဖြင့် နေထိုင်ခွင့်ကဒ်ပြား၊ ယာဉ်နံပါတ်ပြား(ယာယီ)တို့အား အချိန်မှီ ပြုလုပ်နိုင်ရန် ဒီဇင်ဘာ (၅) ရက်ကတည်းက မိုင်းလားဒေသရဲတပ်ဖွဲ့က အသိပေးအကြောင်းကြားထားခြင်းဖြစ်ပြီး ဒီဇင်ဘာ (၈) ရက်တွင် ထပ်မံအသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် နေထိုင်ခွင့်ကဒ်ပြားနှင့် ယာဉ်နံပါတ်ပြား(ယာယီ) တို့ကို စုပေါင်းလက်မှတ်ရုံးတွင် ရုံးတက်ချိန် မနက် (၆) နာရီခွဲမှ ညနေ (၆) နာရီခွဲအထိ စနေ၊ တနင်္ဂနွေ ပိတ်ရက်မရှိဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်မှတ် ပြုလုပ်လိုသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား မိတ္တူ(၁)စောင်၊ အပြာရောင်နောက်ခံနှင့် ပတ်စ်ပို့ဆိုဒ်အရွယ် ဓါတ်ပုံ(၂)ပုံ၊ နေထိုင်သည့် လိပ်စာနှင့် အိမ်ရှင် ဖုန်းနံပါတ်တို့ကို ကြိုတင်မေးမြန်းထားရမည်ဟု ထုတ်ပြန်ထားသည်။

အလုပ်အကိုင် ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်း အချက်အလက်များ တင်ပြရမည်ဖြစ်ပြီး အသက် (၁၆) နှစ် မပြည့်သေးသူများမှာ မိသားစုဝင် ထောက်ခံချက်လက်မှတ် တင်ပြရမည်ဖြစ်ကာ နေထိုင်ခွင့်ကဒ်ပြား ပြုလုပ်ရန်မလိုကြောင်း သိရသည်။

ကိုးကန့်တိုင်းရင်းသား ချစ်ကြည်ရေးအဖွဲ့ထံ ဆက်သွယ်လိုသူများ ကိုးကန့်ရှင်းဖျင်ကျေးရွာကော်မတီရုံးသို့ မေးမြန်းနိုင်ကာ ဒေသအတွင်း တရားဝင်နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပြီး လူထုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းကြရန် တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here